ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု ပန်ပဲ(အောက်)ရွာနေ စောသာစေး၏ နေအိမ်အား မူးယစ်သတင်းအရ ရဲတပ်ဖွဲ့က သြဂုတ်လ(၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၄၂၉)ပြား ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့်အဖွဲ့သည် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြားဟု ယူဆရသော ဆေးပြား စုစုပေါင်း (၄၂၉)ပြားအား တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
စောသာစေးအား ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
