"ဒီေဒသမွာ ပညာေပးကာလ(၂)ႏွစ္ေလာက္အတြင္းမွာ ေဆးလိပ္လည္း ကင္းစင္သြားလို႔ ေၾကညာတာပါ။ ျပည္နယ္အတြင္း ၿမိဳ႕နယ္တုိင္းမွာ အနည္းဆံုး တစ္ေနရာစီေတာ့ ေပၚထြက္လာေအာင္ ဆက္ၿပီး လုပ္သြားမွာပါ။"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေဒသတြင္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမ အျဖစ္ ပညာေပးကာလ(၂)ႏွစ္ေဆာင္ရြက္သည့္ ကာလအတြင္း ႐ွမ္းျပည္နယ္အစိုးရႏွင့္အတူ ဓႏုေဒသဦးစီးမ်ား၊ ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာန၊ ၿမိဳ႕နယ္က်န္းမာေရးဌာနတို႔ အပါအဝင္ ဌာနဆိုင္ရာမ်ား၊ ေဂါပကအဖြဲ႕၊ CSO မ်ားႏွင့္ ေဒသခံမ်ား၏ ပူးေပါင္းပါဝင္မႈ ရခဲ့ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ဆုိသည္။
ရွမ္းျပည္နယ္အတြင္း လက္ရိွ ပညာေပးကာလ ေဆာင္ရြက္ဆဲ အင္းေလးေဒသအျပင္ ေရႊဘုန္းပြင့္ဘုရားႏွင့္ စူဠာမုနိဘုရား နယ္ေျမမ်ားတြင္လည္း ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမျဖစ္လာေရး ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမ ေၾကညာသည့္ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားျဖစ္သည့္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ဓႏုေဒသဦးစီးဥကၠဌ ဦးအကာလင္းႏွင့္ ဦးစီးအဖြဲ႕ဝင္မ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရိွသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ျပည္နယ္အစိုးရအဖြဲ႕
"ဒီဒေသမှာ ပညာပေးကာလ(၂)နှစ်လောက်အတွင်းမှာ ဆေးလိပ်လည်း ကင်းစင်သွားလို့ ကြေညာတာပါ။ ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာ အနည်းဆုံး တစ်နေရာစီတော့ ပေါ်ထွက်လာအောင် ဆက်ပြီး လုပ်သွားမှာပါ။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ် ပညာပေးကာလ(၂)နှစ်ဆောင်ရွက်သည့် ကာလအတွင်း ရှမ်းပြည်နယ်အစိုးရနှင့်အတူ ဓနုဒေသဦးစီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနတို့ အပါအဝင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့၊ CSO များနှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ရခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆိုသည်။
ရှမ်းပြည်နယ်အတွင်း လက်ရှိ ပညာပေးကာလ ဆောင်ရွက်ဆဲ အင်းလေးဒေသအပြင် ရွှေဘုန်းပွင့်ဘုရားနှင့် စူဠာမုနိဘုရား နယ်မြေများတွင်လည်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြဖြေစ်လာရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ကြေညာသည့် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုဒေသဦးစီးဥက္ကဌ ဦးအကာလင်းနှင့် ဦးစီးအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ပြည်နယ်အစိုးရအဖွဲ့
