ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ရွစ္ေလးလံုးေက်ာက္တိုင္တြင္ ၾသဂုတ္လ (၈) ရက္ေန႔ နံနက္ပိုင္းက က်င္းပသည့္ (၂၉) ႏွစ္ျပည္႔့ ရွစ္ေလးလံုးလူထုအေရးေတာ္ပံု ႏွစ္ပတ္လည္ အခမ္းအနားသို႔ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္အတူ ျပည္နယ္အစိုးရအဖြဲ႕လည္း တက္ေရာက္ေၾကာင္း သိရသည္။
"သမိုင္းကေန ျပဳျပင္ရမယ့္အရာေတြကို သင္ခန္းစာယူဖို႔၊ မွန္မွန္ကန္ကန္ သမိုင္းေျပာျပနိုင္ဖို႕လိုပါတယ္။ စနစ္တစ္ခုေၾကာင့္ ပ်က္စီးဆံုးရံွဳးသြားတဲ႕အရာေတြကို ျပန္လည္ျပဳျပင္နိုင္ဖို႕ဆိုတာက သမိုင္းကို မေမ့သင့္ပါဘူး။ ဒီလိုဆက္လက္ မထိန္းသိမ္းနိုင္ဘူးဆိုရင္ အင္အားႀကီးတဲ့ သူေတြက အင္အားေသးတဲ့ သူေတြကို ေဖ်ာက္ဖ်က္သြားနိုင္ပါတယ္" ဟု အဆိုပါ အခမ္းအနားသို႔ တက္ေရာက္လာသည့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႕လြင္က မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသည္။
နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား အမွတ္တရမိန္႕ခြန္းေျပာၾကားျခင္း၊ ရွစ္ေလးလံုးႏွစ္ပတ္လည္ အလံတင္ျခင္း၊ အမွတ္တရ ဓာတ္ပံု၊ ပန္းခ်ီ၊ ကဗ်ာ၊ ေဆာင္းပါး ျပခန္းမ်ား ျပသထားျခင္းမ်ားကို လုပ္ေဆာင္ေၾကာင္း သိရသည္။
အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္မ်ား၊ နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ အရပ္ဖက္အဖြဲ႕ အစည္းမ်ားမွ စုစုေပါင္း အင္အား (၂၀၀) ခန္႕ တက္ေရာက္ခဲ႕ေၾကာင္း သိရသည္။
ရွစ္ေလးလံုးဒီမိုကေရစီ အထိမ္းအမွတ္ ေမာ္ကြန္းေက်ာက္တိုင္ကို ျပည္နယ္အစိုးရခြင့္ျပဳခ်က္ျဖင့္ ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ၂၀၁၆ ခုနွစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔က စိုက္ထူခဲ့သည္။
သတင္း - နိုနို
ဓာတ္ပံု - WNS
"သမိုင်းကနေ ပြုပြင်ရမယ့်အရာတွေကို သင်ခန်းစာယူဖို့၊ မှန်မှန်ကန်ကန် သမိုင်းပြောပြနိုင်ဖို့လိုပါတယ်။ စနစ်တစ်ခုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့အရာတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ဆိုတာက သမိုင်းကို မမေ့သင့်ပါဘူး။ ဒီလိုဆက်လက် မထိန်းသိမ်းနိုင်ဘူးဆိုရင် အင်အားကြီးတဲ့ သူတွေက အင်အားသေးတဲ့ သူတွေကို ဖျောက်ဖျက်သွားနိုင်ပါတယ်" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အမှတ်တရမိန့်ခွန်းပြောကြားခြင်း၊ ရှစ်လေးလုံးနှစ်ပတ်လည် အလံတင်ခြင်း၊ အမှတ်တရ ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြခန်းများ ပြသထားခြင်းများကို လုပ်ဆောင်ကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့ အစည်းများမှ စုစုပေါင်း အင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှစ်လေးလုံးဒီမိုကရေစီ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ကို ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့က စိုက်ထူခဲ့သည်။
သတင်း - နိုနို
ဓာတ်ပုံ - WNS
