အမှိုက်ကန်စနစ် အသုံးပြုနေသည့် ကျောက်မဲမြို့တွင် ရပ်ကွက်အချို့၌ အမှိုက်ကားဖြင့် လိုက်လံသိမ်းဆည်းခြင်း စနစ် စတင်
အမှိုက်ကန်စနစ် အသုံးပြုနေသည့် ကျောက်မဲမြို့တွင် ရပ်ကွက်အချို့၌ အမှိုက်ကားဖြင့် လိုက်လံသိမ်းဆည်းခြင်း စနစ် စတင်
သွဂုတျ 9, 2017
By Tachileik News Agency
ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များမှ အမှိုက်ကန်များမှာ စာသင်ကျောင်းများနှင့် နီးကပ်နေပြီး ရွှေ့ပြောင်းထားရှိရန် ခက်ခဲသည့်အတွက် ဇူလိုင်လ(၂၆)ရက်နေ့နှင့် သြဂုတ်လ(၁)ရက်နေ့တို့တွင် အဆိုပါအမှိုက်ကန်များအား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ရှိ ရပ်ကွက်(၉)ခုတွင် အမှိုက်ကန်စနစ်ကိုသာ ဆက်လက်အသုံးပြုနေပြီး အမှိုက်ကန် ဖျက်သိမ်းထားသည့် ရပ်ကွက်နှစ်ခုတွင် တစ်ပတ်လျှင်နှစ်ကြိမ် အမှိုက်ကားဖြင့် လိုက်လံ သိမ်းဆည်းသည့်စနစ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ရှိ နံနက်ခင်းဈေး၊ ညဈေးနှင့် ပင်လုံလမ်းတစ်လျှောက်တို့တွင် နေ့စဉ်တံမြက်လှည်း၊ အမှိုက်သိမ်းခြင်းများ ပြုလုပ်နေပြီး အပတ်စဉ်အထူးသန့်ရှင်းရေးအနေဖြင့် သောကြာနေ့များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်အား အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အမှိုက်ကန်အချို့အား ဖျက်သိမ်းပြီး အမှိုက်ကားဖြင့် သိမ်းဆည်းခြင်းအား စည်ပင်သာယာဌာနက ဇူလိုင်လကုန်မှစ၍ လုပ်ဆောင်နေကြောင်း သိရသည်။
“အမှိုက်ကန် မရှိတော့တဲ့ ရပ်ကွက်(၂)နဲ့ ရပ်ကွက်(၃)တို့မှာ အပတ်စဉ် အင်္ဂါနေ့နဲ့ စနေနေ့တွေမှာ ခေါင်းလောင်းတီး အမှိုက်သိမ်းကားတွေနဲ့ လိုက်လံသိမ်းဆည်းပေးနေပါတယ် “ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များမှ အမှိုက်ကန်များမှာ စာသင်ကျောင်းများနှင့် နီးကပ်နပြေီး ရွှေ့ပြောင်းထားရှိရန် ခက်ခဲသည့်အတွက် ဇူလိုင်လ(၂၆)ရက်နေ့နှင့် သြဂုတ်လ(၁)ရက်နေ့တို့တွင် အဆိုပါအမှိုက်ကန်များအား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“စာသင်ကျောင်းတွေ အနီးမှာ အမှိုက်ကန်တွေရှိနေတော့ အနံ့အသက်ဆိုးရွားတာတွေ အမြင် မသင့်တော်တာတွေတော့ရှိပါတယ်။ အမှိုက်ကန် မရှိတော့လည်း ဘယ်မှာသွားပစ်ရမယ်မှန်း မသိတာတွေ ဖြစ်လာတယ်။ တစ်ပတ် ကို (၂)ရက်သိမ်းပေးမယ်ဆိုတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ စာသင်ကျောင်းတွေ အနီးက အမှိုက်ကန်တွေကိုလည်း အခုလိုဖျက်လို့ရရင် ဖျက်ပေးစေချင်ပါတယ်။ ဥပမာ အထက(၂)နားက အမှိုက်ကန်ဆို စည်ပင်က ဘယ်လောက်သိမ်းသိမ်း ခဏလေးနဲ့ပြန်ပြည့်လာတာ အမှိုက်တွပြေန်ပွလာတာတွဖြေစ်နေတဲ့အတွက် ဖျက်လို့ရရင်ဖျက်ပေးစေချင်ပါတယ် “ဟု ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်မှ ဦးထွန်းရွှေက ပြောသည်။
ကျောက်မဲမြို့ရှိ ရပ်ကွက်(၉)ခုတွင် အမှိုက်ကန်စနစ်ကိုသာ ဆက်လက်အသုံးပြုနပြေီး အမှိုက်ကန် ဖျက်သိမ်းထားသည့် ရပ်ကွက်နှစ်ခုတွင် တစ်ပတ်လျှင်နှစ်ကြိမ် အမှိုက်ကားဖြင့် လိုက်လံ သိမ်းဆည်းသည့်စနစ်ကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
“အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်နဲ့ လုပ်ကိုင်ဖို့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လာရောက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအထိတင်ပြီး ခွင့်ပြုချက် ယူရတာဖြစ်တဲ့ အတွက် ဒီနှစ်ကုန်လောက်မှာ စတင်လုပ်ကိုင်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက ပြောသည်။
ကျောက်မဲမြို့ရှိ နံနက်ခင်းဈေး၊ ညဈေးနှင့် ပင်လုံလမ်းတစ်လျှောက်တို့တွင် နေ့စဉ်တံမြက်လှည်း၊ အမှိုက်သိမ်းခြင်းများ ပြုလုပ်နပြေီး အပတ်စဉ်အထူးသန့်ရှင်းရေးအနဖြေင့် သောကြာနေ့များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲစည်ပင်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~