ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မဈေးမှ ဆေးဝါးအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် FDA တို့ ပါဝင်သည့် အဖွဲ့စုံဖြင့် သြဂုတ်လ (၁၁)ရက်နေ့တွင် စစ်ဆေးရာ သက်တမ်းလွန်ဆေးဝါးရောင်းချမှု အများအပြားတွေ့ရကြောင်း သိရသည်။
လားရှိုးမြို့တွင် ဆေးဝါးရောင်းချခွင့် မှတ်ပုံတင်ထားသည့်ဆိုင်အရေအတွက်(၄၀)ကျော်ရှိသည့်အနက် လားရှိုးမြို့မဈေးမှ ဆေးဆိုင်များကို ယနေ့တွင် ဆေးဆိုင် (၂၁)ဆိုင်အားစတင်စစ်ဆေးနေခြင်းဖြစ်ပြီး အခြားဆေးဆိုင်များကိုလည်း ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
လားရှိုးမြို့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
“သက်တမ်းလွန်နေတဲ့ ဆေးဝါးတွေ၊ ဆေးဝါးမှတ်ပုံတင် မပြုလုပ်ထားတဲ့ ဆေးဝါးတွေနဲ့ တားမြစ်ဆေးဝါးတွေကို အဓိကထားပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ သက်တမ်းလွန်ဆေးဝါးတွေကို ရောင်းချနကြေတာ အများဆုံး တွေ့ရတယ်။ အဲဒါတွေရယ် နောက်ပြီး တားမြစ်ဆေးတွေ၊ ဆေးဝါးမှတ်ပုံတင် မရှိတဲ့ဆေးတွေကို ဆက်ပြီးရောင်းချလို့မရတော့အောင် သိမ်းဆည်းခဲ့တယ်။ ရောင်းချသူတွေကိုလည်း သက်တမ်းလွန်ဆေးဝါးတွေနဲ့ ဆေးဝါးမှတ်ပုံတင် မလုပ်ထားတဲ့ ဆေးဝါးတွေ၊ တားမြစ်ဆေးဝါးတွေကို နောက်တစ်ခါ ရောင်းချခြင်းမပြုပါဘူးဆိုတဲ့ ခံဝန်ကတိလက်မှတ် ထိုးထားစေခဲ့ပါတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့တွင် ဆေးဝါးရောင်းချခွင့် မှတ်ပုံတင်ထားသည့်ဆိုင်အရေအတွက်(၄၀)ကျော်ရှိသည့်အနက် လားရှိုးမြို့မဈေးမှ ဆေးဆိုင်များကို ယနေ့တွင် ဆေးဆိုင် (၂၁)ဆိုင်အားစတင်စစ်ဆေးနခြေင်းဖြစ်ပြီး အခြားဆေးဆိုင်များကိုလည်း ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စားသုံးသူရေးရာ(လားရှိုး)