ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရိွ ေရႊဆိုင္မွ ေရႊထည္ပစၥည္းမ်ား ႏွစ္ႀကိမ္ေျမာက္ ခိုးယူ ခံရခ်ိန္တြင္ ရဲတပ္ဖြဲ႕အား တုိင္ၾကားၿပီးေနာက္ အဆိုပါေရႊဆိုင္မွ ေရႊထည္မ်ားခိုးယူေနသည္ဟု သံသယရိွ အမ်ိဳးသမီးအား (၇)နာရီအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေရႊဆုိင္တြင္ ၾသဂုတ္လ(၆)ရက္ေန႔က ေငြက်ပ္(၁၂)သိန္းခန္႔ တန္ဖိုးရွိ ေရႊထည္ပစၥည္း(၆)မ်ိဳးအား ပထမအႀကိမ္ ခိုးယူခံခဲ့ရေသာ္လည္း သက္ဆိုင္ရာသို႔ တိုင္ၾကားျခင္းမရိွဘဲ ေနခဲ့ရာ ၾသဂုတ္လ(၁၀)ရက္ေန႔တြင္ ေရႊထည္ပစၥည္းမ်ား ထပ္မံေပ်ာက္ဆံုးသြားသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရႊေတြေပ်ာက္ဆံုးမႈျဖစ္ပြားတဲ့ ဆိုင္နဲ႔အနီးဆံုးက လံုၿခံဳေရးကင္မရာေတြကေနတစ္ဆင့္ သံသယရွိသူရဲ့ သဲလြန္စ ကိုေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ သံသယရွိသူ အမ်ိဳးသမီးကို စံုစမ္းသိရိွရေတာ့ သူ႔ကို ေခၚယူ စစ္ေဆးတဲ့အခါမွာ က်ဴးလြန္ခဲ့တဲ့ (၂)ႀကိမ္လံုးမွာ ယူေဆာင္သြားခဲ့တဲ့ေရႊထည္ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ စခန္းမွာအမႈဖြင့္လက္ခံအၿပီး(၇)နာရီအတြင္းမွာ ရွာေဖြ ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။
ေက်ာက္မဲၿမိဳ႕မွ အသက္(၂၆)ႏွစ္အရြယ္အမ်ိဳးသမီးသည္ ၾသဂုတ္လ(၆)ရက္ေန႔တြင္ တစ္ႀကိမ္၊ ၾသဂုတ္လ(၁၀)ရက္ ေန႔တြင္ တစ္ႀကိမ္ စုစုေပါင္း ေရႊထည္ပစၥည္း က်ပ္ (၅၃)သိန္းဖိုးအားခိုးယူခဲ့ၿပီး ၎ယူေဆာင္ သြားခဲ့သည့္ ေရႊထည္မ်ားအနက္မွ အခ်ိဳ႕အား ေက်ာက္မဲရွိ အျခားေရႊဆိုင္တစ္ခုတြင္ ျပန္လည္ေရာင္းခ်ကာ ေရႊထည္အသစ္မ်ားဝယ္ယူထားသည္ကို စံုစမ္းသိရွိကာ ေဖာ္ထုတ္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္း ေဖာ္ျပခ်က္အရ သိရွိရသည္။
“ေပ်ာက္သြားတဲ့ေရႊဆိုင္က ကေလးေက်ာင္းပို႔သြားတဲ့အခ်ိန္မွာ တစ္ခါ၊ ေနာက္တစ္ခါကလည္း အျပင္ကိုသြားတဲ့ အခ်ိန္ တံခါးမႀကီးကိုေစ့ထားခဲ့တဲ့အခ်ိန္ ေပ်ာက္သြားတာ။ ေကာင္တာဖြင့္တဲ့ေသာ့ကို ဖြက္ထားတဲ့ေနရာကေနယူၿပီး ေကာင္တာကိုေသာ့ဖြင့္ၿပီး ေရႊေတြယူသြားတာ။ ေရႊဆိုင္က လံုၿခံဳေရး ကင္မရာလည္း မတပ္ထားတဲ့အျပင္ လူမရွိဘဲ တံခါးေစ့ထားတဲ့အတြက္ အဲဒီလိုျဖစ္သြားတာ”ဟု ေရႊထည္မ်ားခိုးယူခံရသည့္ေနရာအနီးတြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။
ျပစ္မႈက်ဴးလြန္သည္ဟု ယူဆရသည့္အဆုိပါအမ်ိဳးသမီးအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ (၃၈၀)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။
သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - kmk
အဆိုပါ ရွှေဆိုင်တွင် သြဂုတ်လ(၆)ရက်နေ့က ငွေကျပ်(၁၂)သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း(၆)မျိုးအား ပထမအကြိမ် ခိုးယူခံခဲ့ရသော်လည်း သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိဘဲ နေခဲ့ရာ သြဂုတ်လ(၁၀)ရက်နေ့တွင် ရွှေထည်ပစ္စည်းများ ထပ်မံပျောက်ဆုံးသွားသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေတွေပျောက်ဆုံးမှုဖြစ်ပွားတဲ့ ဆိုင်နဲ့အနီးဆုံးက လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် သံသယရှိသူရဲ့ သဲလွန်စ ကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သံသယရှိသူ အမျိုးသမီးကို စုံစမ်းသိရှိရတော့ သူ့ကို ခေါ်ယူ စစ်ဆေးတဲ့အခါမှာ ကျူးလွန်ခဲ့တဲ့(၂)ကြိမ်လုံးမှာ ယူဆောင်သွားခဲ့တဲ့ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ စခန်းမှာအမှုဖွင့်လက်ခံအပြီး(၇)နာရီအတွင်းမှာ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ကျောက်မဲမြို့မှ အသက်(၂၆)နှစ်အရွယ်အမျိုးသမီးသည် သြဂုတ်လ(၆)ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ(၁၀)ရက် နေ့တွင် တစ်ကြိမ် စုစုပေါင်း ရွှေထည်ပစ္စည်း ကျပ် (၅၃)သိန်းဖိုးအားခိုးယူခဲ့ပြီး၎င်းယူဆောင် သွားခဲ့သည့် ရွှေထည်များအနက်မှ အချို့အား ကျောက်မဲရှိ အခြားရွှေဆိုင်တစ်ခုတွင် ပြန်လည်ရောင်းချကာ ရွှေထည်အသစ်များဝယ်ယူထားသည်ကို စုံစမ်းသိရှိကာ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း ဖော်ပြချက်အရ သိရှိရသည်။
“ပျောက်သွားတဲ့ရွှေဆိုင်က ကလေးကျောင်းပို့သွားတဲ့အချိန်မှာ တစ်ခါ၊ နောက်တစ်ခါကလည်း အပြင်ကိုသွားတဲ့ အချိန် တံခါးမကြီးကိုစေ့ထားခဲ့တဲ့အချိန် ပျောက်သွားတာ။ ကောင်တာဖွင့်တဲ့သော့ကို ဖွက်ထားတဲ့နေရာကနေယူပြီး ကောင်တာကိုသော့ဖွင့်ပြီး ရွှေတွေယူသွားတာ။ ရွှေဆိုင်က လုံခြုံရေး ကင်မရာလည်း မတပ်ထားတဲ့အပြင် လူမရှိဘဲ တံခါးစေ့ထားတဲ့အတွက် အဲဒီလိုဖြစ်သွားတာ”ဟု ရွှေထည်များခိုးယူခံရသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆရသည့်အဆိုပါအမျိုးသမီးအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၁၆၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ (၃၈၀)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - kmk