မူဆယ္ - ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းရွိ ယာဥ္ငယ္စစ္ေဆးေရးဂိတ္အနီးတြင္ အသံေဗ်ာက္အိုးေပါက္ကြဲမႈ ျဖစ္ပြား

မူဆယ္ - ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းရွိ ယာဥ္ငယ္စစ္ေဆးေရးဂိတ္အနီးတြင္ အသံေဗ်ာက္အိုးေပါက္ကြဲမႈ ျဖစ္ပြား
သြဂုတ် 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ - ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္း စစ္ေဆးေရးနယ္နိမိတ္ရွိ ယာဥ္ငယ္ စစ္ေဆးေရးဂိတ္အနီး ၾသဂုတ္လ(၁၁)ရက္၊ ည (၁၀)နာရီ(၃၀)ခန္႔က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ မိုင္းေပါက္ကြဲျခင္း မဟုတ္ဘဲ အသံေဗ်ာက္အိုးအႀကီးစားတစ္လံုး ေပါက္ကြဲခဲ့ျခင္းသာျဖစ္ေၾကာင္း (၁၀၅)မိုင္ ရဲကင္းမွ သိရွိရသည္။

"ဗံုးေပါက္ကြဲတယ္ရယ္လို႔ မဟုတ္ပါဘူး။ အသံက်ယ္ေတာ့ က်ယ္တယ္။ သြားၿပီး စစ္ေဆးၾကည့္တဲ့အခါက်ေတာ့ အျပာေရာင္ စကၠဴစေတြပဲ ေတြ႔တယ္။ အနီးပတ္ဝန္းက်င္နဲ႔ တစ္စံုတစ္ဦးမွ ထိခိုက္မႈ မရွိပါဘူး။ လက္နက္ကိုင္ အဖြဲ႔က လုပ္တာ မဟုတ္ေလာက္ဘူး။ ေဗ်ာက္အိုးအႀကီးစား တစ္လံုးကြဲတယ္လို႔ပဲ ယူဆရပါတယ္။ ေစာင့္ၾကည့္စစ္ေဆး တာေတြလုပ္ထားပါတယ္။ တျခားထူးျခားတာမရွိပါဘူး" ဟု (၁၀၅)မိုင္ ရဲကင္းမွ ကင္းမွဴး ဒုရဲအုပ္လႊမ္းမိုး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ေမာ္ေတာင္းေက်းရြာၾကားတြင္ ဇူလိုင္လ(၁၃)ရက္ေန႔က လက္လုပ္မိုင္းတစ္လံုးေတြ႔ရွိခဲ့သည့္အတြက္ နယ္ေျမခံစစ္တပ္မွ လက္ဦးမႈရယူကာရွင္းလင္းခဲ့ရသည့္ ျဖစ္စဥ္ရွိခဲ့သည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - SMC


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် - ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း စစ်ဆေးရေးနယ်နိမိတ်ရှိ ယာဉ်ငယ် စစ်ဆေးရေးဂိတ်အနီး သြဂုတ်လ(၁၁)ရက်၊ ည (၁၀)နာရီ(၃၀)ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ မိုင်းပေါက်ကွဲခြင်း မဟုတ်ဘဲ အသံဗျောက်အိုးအကြီးစားတစ်လုံး ပေါက်ကွဲခဲ့ခြင်းသာဖြစ်ကြောင်း (၁၀၅)မိုင် ရဲကင်းမှ သိရှိရသည်။

"ဗုံးပေါက်ကွဲတယ်ရယ်လို့ မဟုတ်ပါဘူး။ အသံကျယ်တော့ ကျယ်တယ်။ သွားပြီး စစ်ဆေးကြည့်တဲ့အခါကျတော့ အပြာရောင် စက္ကူစတွေပဲ တွေ့တယ်။ အနီးပတ်ဝန်းကျင်နဲ့ တစ်စုံတစ်ဦးမှ ထိခိုက်မှု မရှိပါဘူး။ လက်နက်ကိုင် အဖွဲ့က လုပ်တာ မဟုတ်လောက်ဘူး။ ဗျောက်အိုးအကြီးစား တစ်လုံးကွဲတယ်လို့ပဲ ယူဆရပါတယ်။ စောင့်ကြည့်စစ်ဆေး တာတွေလုပ်ထားပါတယ်။ တခြားထူးခြားတာမရှိပါဘူး" ဟု (၁၀၅)မိုင် ရဲကင်းမှ ကင်းမှူး ဒုရဲအုပ်လွှမ်းမိုး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် မော်တောင်းကျေးရွာကြားတွင် ဇူလိုင်လ(၁၃)ရက်နေ့က လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့သည့်အတွက် နယ်မြေခံစစ်တပ်မှ လက်ဦးမှုရယူကာရှင်းလင်းခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - SMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~