ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် တာချီလိတ် - ကျိုင်းတုံကားလမ်း ဆိုင်းလေရွာနှင့် စွပ်ပလောင်း ရွာကြားတွင် ဓမ္မသုခတောရကျောင်းမှ မော်တော်ယာဉ်တစ်စီး သြဂုတ်လ (၁၂)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က တိမ်းမှောက်သဖြင့် ယာဉ်မောင်းနှင့် သံဃာတော်နှစ်ပါး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်၊ ယာဉ်တွင်စီးနင်းလိုက် ပါလာသည့် တာချီလိတ်မြို့မှ ဝေဠုဝန်ကျောင်းထိုင် ဆရာတော် ဥူးနန္ဒိမာနှင့် ဓမ္မသုခကျောင်းမှ ဆရာတော် ဥူးခေမိသာရတို့တွင် ဒဏ်ရာ အသီးသီးရသွားသဖြင့် မိုင်းဖြတ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ မြို့နယ်လူမှုကူညီရေးနှင့် သင်္ဂဟလူမှုကူညီရေးအသင်းတို့က ကူညီဆောင်ရွက်ပေးပြီး မိုင်းဖြတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
ယာဉ်တိမ်းမှောက်မှု သတင်းအရ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ကျိုင်းတုံ - မိုင်းဖြတ်လမ်းပိုင်း မိုင်တိုင်အမှတ် (၇၀၃/၇၀၄)ကြား ဆိုင်းလေရွာအနီးတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လမ်း၏ ယာဘက် ပေ(၆၀)ခန့်အနက်ရှိသည့် နမ့်လုံချောင်းအတွင်း ထိုးကျသွားပြီး မော်တော်ယာဉ်မှာ ချောင်းတွင် နစ်မြုပ်နေသည်ကို တွေ့ရကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်၊ ယာဉ်တွင်စီးနင်းလိုက် ပါလာသည့် တာချီလိတ်မြို့မှ ဝေဠုဝန်ကျောင်းထိုင် ဆရာတော် ဉူးနန္ဒိမာနှင့် ဓမ္မသုခကျောင်းမှ ဆရာတော် ဉူးခေမိသာရတို့တွင် ဒဏ်ရာ အသီးသီးရသွားသဖြင့် မိုင်းဖြတ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ မြို့နယ်လူမှုကူညီရေးနှင့် သဂငှ်လူမှုကူညီရေးအသင်းတို့က ကူညီဆောင်ရွက်ပေးပြီး မိုင်းဖြတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
