ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ရှိ လူငယ်စင်တာမှ ဦးဆောင်သည့် လူငယ် (၂၂)ဦးသည် သြဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းကြပြီး ည(၇)နာရီအချိန် တွင် နောင်တုံကန်ပတ်လမ်းရှိ NT BAR အနီး၌ ၀ါသနာရှင်လူငယ်များ တေးဂီတဖျော်ဖြေပွဲကို ကျင်းပနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ဓာတ်ပုံ-စိုင်းဆုမ်ဝုန်း
"ဒီနေ့ သွေးလှူကြတာက နိုင်ငံတကာ လူငယ်များနေ့အနေနဲ့ ဒီမြို့မှာရှိတဲ့ လူငယ်တွေ စုပေါင်းပြီး ကျိုင်းတုံ သွေးလှူဘဏ်မှာ သွေးလှူခဲ့တာ ဖြစ်ပါတယ်။ သွေးလှူတယ်ဆိုတာက ကြောက်စရာလည်း မလိုသလို ကုသိုလ်လည်း အရမ်းရပြီး မွန်မြတ်တဲ့အတွက် တခြားသူတွေကိုလည်း သွေးလှူစေချင်ပါတယ်။ ကျိုင်းတုံဆေးရုံကလည်း လစဉ်လတို်င်း သွေးက အရမ်းလိုအပ်နေတဲ့အတွက် လှူစေချင်ပါတယ်"ဟု ကျိုင်းတုံ လူငယ်စင်တာမှ ဥက္ကဌ ကိုစိုင်းဆုမ်ဝုန်းက ပြောသည်။
ကျိုင်းတုံမြို့ရှိ တက္ကသိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များစုပေါင်း၍ နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ သွေးလှူဒါန်းတဲ့အထဲမှာ (၈၀)ရာခိုင်နှုန်းလောက်က ပထမဆုံးအကြိမ် သွေးလှူဒါန်းတဲ့ လူတွဖြေစ်ပါတယ်။ ပြီးရင် သွေးလှူဘဏ်မှာ သွေးအလုံး(၁၀၀)လောက် သိုလှောင်ထားနိုင်ပြီးတော့ ဆေးရုံမှာက အဓိကအားဖြင့် (B)သွေးတို့၊ (O)သွေးတို့ အဓိကလိုနေပါတယ်"ဟု ကိုစိုင်းဆုမ်ဝုန်းကပြောသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ဓာတ်ပုံ-စိုင်းဆုမ်ဝုန်း