ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုျမဳိ႕ ၊ ဝမ္တာၾကန္႔ ေက်းရြာအုပ္စု၊ ဝမ္တာၾကန္႔ ေက်းရြာတြင္ ၾသဂုတ္လ (၁၂)ရက္ေန႔က သတင္းရသည့္ ေနအိမ္သို႔ ရဲတပ္ဖြဲ႔မွ ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။
မိုင္းယုနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ ဟိန္းဝဏၰေမာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားက ေဒသမွတာဝန္ရိွသူမ်ား၊ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ ဝမ္တာၾကန္႔ေက်းရြာေန ဦးအိုက္ေကာင္း၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြ စစ္ေဆးရာမွ အိမ္ေအာက္ရွိ ေထာ္လာဂ်ီဖင္ထိုင္ခုံေအာက္မွ စိတ္ႂကြေဆးျပား (၂၄၃) ျပားအား ရွာေဖြ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စိတ္ႂကြေဆးျပားမ်ားအား ၎အေနျဖင့္ ဝယ္ယူခဲ့ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။
ဦးအိုက္ေကာင္းအား မိုင္းယုနယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၇၊ မူး/စိတ္ေျပာင္း ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - ကိုႏိုင္(MYu)
မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဟိန်းဝဏ္ဏမောင်နှင့် တပ်ဖွဲ့ဝင်များက ဒေသမှတာဝန်ရှိသူများ၊ သက်သေများ ပါဝင်သည့် အဖွဲ့ဖြင့် ဝမ်တာကြန့်ကျေးရွာနေ ဦးအိုက်ကောင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ အိမ်အောက်ရှိ ထော်လာဂျီဖင်ထိုင်ခုံအောက်မှ စိတ်ကြွဆေးပြား (၂၄၃) ပြားအား ရှာဖွေ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများအား၎င်းအနဖြေင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဦးအိုက်ကောင်းအား မိုင်းယုနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၇၊ မူး/စိတ်ပြောင်း ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ကိုနိုင်(MYu)
