တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ဟုတ္ေခ်ာင္းအတြင္း အသက္(၇၁)ႏွစ္အရြယ္ အဘိုးအို တစ္ဦး အမႈိက္ပစ္ရာမွ အရွိန္လြန္ကာ ေရထဲက်သြားသျဖင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားႏွင့္အတူ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔ ပူးေပါင္း၍ လိုက္လံရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။
ၾသဂုတ္လ(၁၃)ရက္ေန႔ နံနက္(၉)နာရီ၀န္းက်င္အခ်ိန္က မယ္ဟုတ္ေခ်ာင္းအနီးမွ အသက္(၇၁)ႏွစ္ရွိ ရွမ္းတိုင္းရင္းသား အဘိုးအို တစ္ဦးသည္ အမႈိက္ပစ္ရာမွ အရွိန္လြန္ကာ ေရထဲက်သြားေၾကာင္း ေက်းရြာေန တာ၀န္ရွိသူမ်ားက ေဟာင္လိတ္ရဲစခန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေရာက္ရွိလာကာ ပူးေပါင္းရွာေဖြေသာ္လည္း မေတြ႕ရွိရေသးေၾကာင္း သိရသည္။
"ေရစီးအား တအားေကာင္းေနတယ္၊ ရွာေဖြလို႔ မလြယ္ကူဘူး၊ ေရထဲက်သြားၿပီး ေပ(၂၀)ေလာက္မွ တစ္ခ်က္ေပၚလာၿပီး ေနာက္လံုး၀ မေပၚလာေတာ့ဘူး၊ ေရေသထဲမွာ ဆိုရင္ေတာ့ ေသခ်ာေပါက္ ဆင္းၿပီး ဆယ္လို႔ရမွာ၊ အခုက ေရစီးေနတဲ့ ေခ်ာင္းျဖစ္ေတာ့ ခန္႔မွန္းလို႔ မရေသးဘူး၊ ဆက္လက္ၿပီးေတာ့ ေစာင့္ၾကည့္ ရွာေနပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးထံက သိရသည္။
ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြေနေသာ္လည္း နံနက္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္အထိ ရွာေဖြေတြ႕ရွိရျခင္း မရွိေသးေၾကာင္း သိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က မယ်ဟုတ်ချောင်းအနီးမှ အသက်(၇၁)နှစ်ရှိ ရှမ်းတိုင်းရင်းသား အဘိုးအို တစ်ဦးသည် အမှိုက်ပစ်ရာမှ အရှိန်လွန်ကာ ရေထဲကျသွားကြောင်း ကျေးရွာနေ တာဝန်ရှိသူများက ဟောင်လိတ်ရဲစခန်း နှင့် တာချီလိတ်မြို့မရဲစခန်းသို့ အကြောင်းကြားပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရောက်ရှိလာကာ ပူးပေါင်းရှာဖွေသော်လည်း မတွေ့ရှိရသေးကြောင်း သိရသည်။
"ရေစီးအား တအားကောင်းနေတယ်၊ ရှာဖွေလို့ မလွယ်ကူဘူး၊ ရေထဲကျသွားပြီး ပေ(၂၀)လောက်မှ တစ်ချက်ပေါ်လာပြီး နောက်လုံးဝ မပေါ်လာတော့ဘူး၊ ရေသေထဲမှာ ဆိုရင်တော့ သေချာပေါက် ဆင်းပြီး ဆယ်လို့ရမှာ၊ အခုက ရေစီးနေတဲ့ ချောင်းဖြစ်တော့ ခန့်မှန်းလို့ မရသေးဘူး၊ ဆက်လက်ပြီးတော့ စောင့်ကြည့် ရှာနေပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးထံက သိရသည်။
ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေနေသော်လည်း နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်အထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
