ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ အမွတ္(၁၀)ရပ္ကြက္၊ နယ္ေျမ(၁)၊ ေတာရေက်ာင္းလမ္းရွိ ေတာရဘုန္းေတာ္ၾကီးေက်ာင္းမွ အိပ္ေဆာင္တစ္ခုတြင္ ၾသဂုတ္လ(၁၃)ရက္ နံနက္(၁၀)နာရီ(၃၀)ဝန္းက်င္ခန္႔က မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ မီးေလာင္မႈတစ္ခုျဖစ္ပြားသြားေၾကာင္း သိရသည္။
ေတာရဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္း အသက္(၆၃)ႏွစ္အရြယ္ ေဂါပကေနထိုင္ေနသည့္ သြပ္မိုး၊ အုတ္ကာ၊ ပ်ဥ္ခင္း (၈၁ x ၂၉ )ေပ အိပ္ေဆာင္၏ မ်က္ႏွာက်က္ႏွင့္ အမိုးမွ မီးစတင္ေလာင္ကြ်မ္းရာ မီးအားျမႇင့္စက္ႏွင့္ အိပ္ယာေလာင္ကြ်မ္းမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ သေႏၶမီးသတ္ တပ္ဖြဲ႔ဝင္(၃၀)ဦး၊ အရန္မီးသတ္ တပ္ဖြဲ႔ဝင္ (၇၅)ဦးႏွင့္သေႏၶ မီးၿငႇိမ္းသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၁)စီး၊ အရန္ မီးၿငိႇမ္းသတ္ယာဥ္(၄)စီးအပါအဝင္ စည္ပင္ ေရသယ္ယာဥ္(၁)စီး၊ ေရစည္တင္ေထာ္လာဂ်ီ(၃)စီး စုစုေပါင္းယာဥ္(၁၂)စီးတို႔ျဖင့္ ၿငိႇမ္းသတ္ခဲ့ရာ (၁၅)မိနစ္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ေဂါပကျဖစ္သူအား လားရိႈးၿမိဳ႕ အမွတ္(၂) နယ္ေျမရဲစခန္းတြင္ (ပ)၉၃/၂၀၁၇၊ ျပစ္မႈပုဒ္မ-၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေပးေသာလက္ေစတနာရွင္လူမႈကူညီေရးအသင္း
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၁)၊ တောရကျောင်းလမ်းရှိ တောရဘုန်းတော်ကြီးကျောင်းမှ အိပ်ဆောင်တစ်ခုတွင် သြဂုတ်လ(၁၃)ရက် နံနက်(၁၀)နာရီ(၃၀)ဝန်းကျင်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုတစ်ခုဖြစ်ပွားသွားကြောင်း သိရသည်။
တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်း အသက်(၆၃)နှစ်အရွယ် ဂေါပကနေထိုင်နေသည့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၈၁ x ၂၉ )ပေ အိပ်ဆောင်၏ မျက်နှာကျက်နှင့် အမိုးမှ မီးစတင်လောင်ကျွမ်းရာ မီးအားမြှင့်စက်နှင့် အိပ်ယာလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓမေီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၇၅)ဦးနှင့်သန္ဓေ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန် မီးငြှိမ်းသတ်ယာဉ်(၄)စီးအပါအဝင် စည်ပင် ရေသယ်ယာဉ်(၁)စီး၊ ရေစည်တင်ထော်လာဂျီ(၃)စီး စုစုပေါင်းယာဉ်(၁၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ (၁၅)မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဂေါပကဖြစ်သူအား လားရှိုးမြို့ အမှတ်(၂) နယ်မြေရဲစခန်းတွင် (ပ)၉၃/၂၀၁၇၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ပေးသောလက်စေတနာရှင်လူမှုကူညီရေးအသင်း