တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ ၊ ဗိုလ္ခ်ဳပ္လမ္းမေပၚ လမ္းသားတိုးခ်ဲ႕ရာ၌ လမ္းႏွင့္မလြတ္ကင္းသည့္ ဓာတ္တိုင္မ်ားအား သတ္မွတ္ေနရာမ်ားတြင္ ေနရာေျပာင္းေရႊ႕ၿပီးစီး

တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ ၊ ဗိုလ္ခ်ဳပ္လမ္းမေပၚ လမ္းသားတိုးခ်ဲ႕ရာ၌ လမ္းႏွင့္မလြတ္ကင္းသည့္ ဓာတ္တိုင္မ်ားအား သတ္မွတ္ေနရာမ်ားတြင္ ေနရာေျပာင္းေရႊ႕ၿပီးစီး
သြဂုတ် 13, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံု လမ္းဆံုမီးပြိဳင့္မွစ၍ အမွတ္(၂)တံတားအနီးထိ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လမ္းေဘး ဘယ္ညာ တိုးခ်ဲ႕မႈမ်ား ျပဳလုပ္ရာတြင္ လတ္တေလာ လမ္းခ်ဲ႕ၿပီးသည့္ ေနရာမ်ား၌ မလြတ္ကင္းသည့္ လွ်ပ္စစ္ ဓာတ္မီးတိုင္မ်ားအား ေနရာ ေျပာင္းေရႊ႕ျခင္း ႏွင့္ ျပဳျပင္ လဲလွယ္တပ္ဆင္ျခင္း ကို (၂)ရက္တိုင္တိုင္ ျပဳလုပ္ခဲ့ၿပီးေနာက္ လတ္တေလာ လမ္းခ်ဲ႕ၿပီးသည့္ ေနရာမ်ားအထိ ေဆာင္ရြက္ၿပီးစီးၿပီ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးမွ သိရသည္။

"အားကစားရံု လမ္းဆံုမီးပြိဳင့္ကေန ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးအေက်ာ္နားက မဂၤလာတံတားအထိ လမ္းန႔ဲ မလြတ္ကင္းတဲ့ ဓာတ္တိုင္ေတြကို ေနရာေျပာင္းေရြ႕တာေတြအျပင္ ဓာတ္တိုင္သစ္မ်ားေပၚမွာ Acsr 95mm အစား Sac 95mm ကာဗာပါ ေကဘယ္လ္ ႀကိဳးေတြ လဲလွယ္တာလည္း ျပဳလုပ္ပါတယ္၊ အခုေတာ့ သတ္မွတ္ေနရာ အထိ ၿပီးသြားပါၿပီ"ဟု တာခ်ီလိတ္ ေရႊတိဂံု အဆင္းလမ္းရွိ မီးလင္းေရးရံုးမွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးမွ တာ၀န္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက လမ္းမီးတိုင္ အေဟာင္းမ်ား ႏွဳတ္ျခင္း၊ ေကဘယ္လ္ မီးႀကိဳးမ်ား ေရႊ႕ေျပာင္းတပ္ဆင္ျခင္း၊ SF 6 တစ္စံု ႏွင့္ မိန္းဓားတစ္စံုေျပာင္းေရႊ႕တပ္ဆင္ျခင္း၊ ပါ၀ါလို္င္းႀကိဳးေဟာင္းမ်ား ျဖဳတ္ခ်လဲလွယ္ျခင္းစသည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ၎ထံက သိရသည္။

အဆိုပါ လုပ္ငန္းေဆာင္ရြက္ေနစဥ္အတြင္း လွ်ပ္စစ္အႏၱရာယ္ ကင္းရွင္းေစရန္အတြက္ ၾသဂုတ္လ(၁၂)ရက္ေန႔ ႏွင့္ (၁၃)ရက္ေန႔မ်ားတြင္ နံနက္(၉)နာရီမွ ညေန(၄)နာရီအခ်ိန္အတြင္း သတ္မွတ္ရပ္ကြက္မ်ား၌ လွ်ပ္စစ္မီးယာယီျဖတ္ေတာက္ကာ ေဆာင္ရြက္ခဲ့ရေၾကာင္း သိရသည္။

ဆက္လက္၍ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ PEA ( Provincial Electricity Authority )လွ်ပ္စစ္ဌာနခြဲမွ ေျမေအာက္ ေကဘယ္လ္ႀကိဳး ႀကံ႕ခိုင္ေရးအတြက္ ျပဳျပင္ထိန္းသိမ္းမႈ လုပ္ငန္း ေဆာင္ရြက္ရန္ရွိသည့္ အတြက္ နံနက္(၇)နာရီမွ ေန႔လယ္(၁၂)နာရီခြဲ ၀န္းက်င္အခ်ိန္အထိ ေခတၱျဖတ္ေတာက္ထားမည္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕ တစ္ၿမိဳ႕လံုးတြင္ လွ်ပ္စစ္မီး ေန႔တစ္ပိုင္း ေခတၱျပတ္ေတာက္မည္ျဖစ္သည္။

ဓာတ္ပံု - SKM



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံ လမ်းဆုံမီးပွိုင့်မှစ၍ အမှတ်(၂)တံတားအနီးထိ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ လမ်းဘေး ဘယ်ညာ တိုးချဲ့မှုများ ပြုလုပ်ရာတွင် လတ်တလော လမ်းချဲ့ပြီးသည့် နေရာများ၌ မလွတ်ကင်းသည့် လျှပ်စစ် ဓာတ်မီးတိုင်များအား နေရာ ပြောင်းရွှေ့ခြင်း နှင့် ပြုပြင် လဲလှယ်တပ်ဆင်ခြင်း ကို (၂)ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီးနောက် လတ်တလော လမ်းချဲ့ပြီးသည့် နေရာများအထိ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း တာချီလိတ်မြို့ မီးလင်းရေးရုံးမှ သိရသည်။

"အားကစားရုံ လမ်းဆုံမီးပွိုင့်ကနေ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအကျော်နားက မင်္ဂလာတံတားအထိ လမ်းနဲ့ မလွတ်ကင်းတဲ့ ဓာတ်တိုင်တွေကို နေရာပြောင်းရွေ့တာတွေအပြင် ဓာတ်တိုင်သစ်များပေါ်မှာ Acsr 95mm အစား Sac 95mm ကာဗာပါ ကေဘယ်လ် ကြိုးတွေ လဲလှယ်တာလည်း ပြုလုပ်ပါတယ်၊ အခုတော့ သတ်မှတ်နေရာ အထိ ပြီးသွားပါပြီ"ဟု တာချီလိတ် ရွှေတိဂုံ အဆင်းလမ်းရှိ မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မီးလင်းရေးရုံးမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းမီးတိုင် အဟောင်းများ နှုတ်ခြင်း၊ ကေဘယ်လ် မီးကြိုးများ ရွှေ့ပြောင်းတပ်ဆင်ခြင်း၊ SF 6 တစ်စုံ နှင့် မိန်းဓားတစ်စုံပြောင်းရွှေ့တပ်ဆင်ခြင်း၊ ပါဝါလို်င်းကြိုးဟောင်းများ ဖြုတ်ချလဲလှယ်ခြင်းစသည့်
လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း၎င်းထံက သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် သြဂုတ်လ(၁၂)ရက်နေ့ နှင့် (၁၃)ရက်နေ့များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အတွင်း သတ်မှတ်ရပ်ကွက်များ၌ လျှပ်စစ်မီးယာယီဖြတ်တောက်ကာ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဆက်လက်၍ ၂၀၁၇ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ မြေအောက် ကေဘယ်လ်ကြိုး ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း ဆောင်ရွက်ရန်ရှိသည့် အတွက် နံနက်(၇)နာရီမှ နေ့လယ်(၁၂)နာရီခွဲ ဝန်းကျင်အချိန်အထိ ခေတ္တဖြတ်တောက်ထားမည်ဖြစ်ရာ တာချီလိတ်မြို့ တစ်မြို့လုံးတွင် လျှပ်စစ်မီး နေ့တစ်ပိုင်း ခေတ္တပြတ်တောက်မည်ဖြစ်သည်။

ဓာတ္ပံု - SKM

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~