မေကြးၿမိဳ႕ ဆည္ေျမာင္းလမ္းတြင္ တိမ္းေမွာက္သြားသည့္ ေျမသယ္ယာဥ္ကို ျပန္ေထာင္ရန္ လမ္းအား ေျမတူးစက္ျဖင့္ တူးေဖာ္

မေကြးၿမိဳ႕ ဆည္ေျမာင္းလမ္းတြင္ တိမ္းေမွာက္သြားသည့္ ေျမသယ္ယာဥ္ကို ျပန္ေထာင္ရန္ လမ္းအား ေျမတူးစက္ျဖင့္ တူးေဖာ္
သြဂုတ် 13, 2017
By Tachileik News Agency

မေကြးၿမိဳ႕၊ ဆည္ေျမာင္းလမ္းတြင္ ၾသဂုတ္လ (၁၃)ရက္ေန႔ ညေန (၃) နာရီ၀န္းက်င္က ေျမသယ္ယာဥ္ တစ္စီး တိမ္းေမွာက္သြားသျဖင့္ အဆုိပါယာဥ္အား ျပန္ေထာင္ရန္ လမ္းအား စက္ယႏၱရားျဖင့္ တူးေဖာ္ခဲ့ရေၾကာင္း သိရသည္။

“ေျမသယ္ယာဥ္က ေတာင္တြင္းလမ္းဘက္ကေန ဆည္ေျမာင္းလမ္းဘက္ကို ခ်ိဳးအေကြ႔မွာ ဝိတ္ပါတာေၾကာင့္ ေျမကၽြံၿပီး လမ္းယာဘက္ကို တိမ္းေမွာက္သြားတာပါ။ လူထိခိုက္မႈ မရိွပါဘူး။ တစ္ဖက္က ေခ်ာက္ျဖစ္ေနေတာ႔ ယာဥ္ကိုျပန္ေထာင္ႏိုင္ေအာင္လို႔ ေျမသားလမ္းကို တူးခဲ႔ရၿပီး ခ်က္ခ်င္း ျပဳျပင္ေပးခဲ႔တာမွာ ႏွစ္နာရီေလာက္ပဲ ၾကာပါတယ္”ဟု တိမ္းေမွာက္သြားသည့္ ေျမသယ္ယာဥ္၏ စက္ယႏၱရားပိုင္းတာဝန္ခံ ကိုေက်ာ္ႏိုင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းေဘးသို႔ တိမ္းေမွာက္သြားသည့္ယာဥ္မွာ ပုဂၢလိကလုပ္ငန္းတစ္ခုမွျဖစ္ၿပီး တိမ္းေမွာက္ယာဥ္အား ကရိန္းျဖင့္ မတင္ျခင္း မျပဳလုပ္ဘဲ လမ္းအား ေျမတူးစက္ျဖင့္ တူးေဖာ္သည့္အျပင္ ဆည္ေျမာင္း ဦးစီးဌာနသို႔လည္း ခြင့္ျပဳခ်က္ေတာင္းခံျခင္း၊ အေၾကာင္းၾကားျခင္း လုပ္ေဆာင္မႈမရိွခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဌာန အႀကီးအကဲက ဒီလမ္းအတိုင္းအလာမွာ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားလို႔ ေျမသားလမ္းကို တူးေဖာ္ေနတာေတြ႔သြားတဲ႔အတြက္ ခ်က္ခ်င္းျပဳျပင္ေပးဖို႔နဲ႔ ျပဳျပင္တဲ႔ေနရာမွာ ႀကီးၾကပ္ၾကည္႔ရႈဖို႔ မွာၾကားသြားပါတယ္။”ဟု ဆည္ေျမာင္းဌာနမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါလမ္းမွာ ဆည္ေျမာင္းဦးစီးဌာနက ေဖာက္လုပ္ထားျခင္းျဖစ္ၿပီး ေတာင္တြင္းလမ္းမွ တည္ေဆာက္ေရး (ဆည္ေျမာင္းဌာန)သို႔ ဆက္သြယ္ထားျခင္းျဖစ္ကာ ဆည္ေျမာင္းတာဝန္ရိွသူတစ္ဦးက အဆိုပါလမ္းမွ ျဖတ္သန္းလာစဥ္ လမ္းအား တူးေဖာ္ေနသည္ကို ေတြ႔သျဖင့္ ခ်က္ခ်င္းျပဳျပင္ေပးရန္ ညႊန္ၾကားခဲ့ရေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့၊ ဆည်မြောင်းလမ်းတွင် သြဂုတ်လ (၁၃)ရက်နေ့ ညနေ (၃) နာရီဝန်းကျင်က မြေသယ်ယာဉ် တစ်စီး တိမ်းမှောက်သွားသဖြင့် အဆိုပါယာဉ်အား ပြန်ထောင်ရန် လမ်းအား စက်ယန္တရားဖြင့် တူးဖော်ခဲ့ရကြောင်း သိရသည်။

“မြေသယ်ယာဉ်က တောင်တွင်းလမ်းဘက်ကနေ ဆည်မြောင်းလမ်းဘက်ကို ချိုးအကွေ့မှာ ဝိတ်ပါတာကြောင့် မြေကျွံပြီး လမ်းယာဘက်ကို တိမ်းမှောက်သွားတာပါ။ လူထိခိုက်မှု မရှိပါဘူး။ တစ်ဖက်က ချောက်ဖြစ်နေတော့ ယာဉ်ကိုပြန်ထောင်နိုင်အောင်လို့ မြေသားလမ်းကို တူးခဲ့ရပြီး ချက်ချင်း ပြုပြင်ပေးခဲ့တာမှာ နှစ်နာရီလောက်ပဲ ကြာပါတယ်”ဟု တိမ်းမှောက်သွားသည့် မြေသယ်ယာဉ်၏ စက်ယန္တရားပိုင်းတာဝန်ခံ ကိုကျော်နိုင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းဘေးသို့ တိမ်းမှောက်သွားသည့်ယာဉ်မှာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှဖြစ်ပြီး တိမ်းမှောက်ယာဉ်အား ကရိန်းဖြင့် မတင်ခြင်း မပြုလုပ်ဘဲ လမ်းအား မြေတူးစက်ဖြင့် တူးဖော်သည့်အပြင် ဆည်မြောင်း ဦးစီးဌာနသို့လည်း ခွင့်ပြုချက်တောင်းခံခြင်း၊ အကြောင်းကြားခြင်း လုပ်ဆောင်မှုမရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာန အကြီးအကဲက ဒီလမ်းအတိုင်းအလာမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားလို့ မြေသားလမ်းကို တူးဖော်နေတာတွေ့သွားတဲ့အတွက် ချက်ချင်းပြုပြင်ပေးဖို့နဲ့ ပြုပြင်တဲ့နေရာမှာ ကြီးကြပ်ကြည့်ရှုဖို့ မှာကြားသွားပါတယ်။”ဟု ဆည်မြောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလမ်းမှာ ဆည်မြောင်းဦးစီးဌာနက ဖောက်လုပ်ထားခြင်းဖြစ်ပြီး တောင်တွင်းလမ်းမှ တည်ဆောက်ရေး (ဆည်မြောင်းဌာန)သို့ ဆက်သွယ်ထားခြင်းဖြစ်ကာ ဆည်မြောင်းတာဝန်ရှိသူတစ်ဦးက အဆိုပါလမ်းမှ ဖြတ်သန်းလာစဉ် လမ်းအား တူးဖော်နေသည်ကို တွေ့သဖြင့် ချက်ချင်းပြုပြင်ပေးရန် ညွှန်ကြားခဲ့ရကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~