တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး သရက်ပင်ပေါ်တက်ကာ ကြိုးဆွဲချသေဆုံး

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး သရက်ပင်ပေါ်တက်ကာ ကြိုးဆွဲချသေဆုံး
သွဂုတျ 13, 2017
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နာတာကျိုးကျေးရွာတွင် အမျိုးသားတစ်ဦး သရက်ပင်အမြင့်ပေါ်တွင် တက်ကာ ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

အသက်(၃၇)နှစ်ဝန်းကျင်ရှိပြီး ရာဆွေးဟု သိရှိရသည့် အမျိုးသားသည် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင် အချိန်က သရက်ပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း သိရှိရ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီမှုများ ဆောင်ရွက်ပေး နိုင်ရန်အတွက် သွားရောက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ် နေလျက်ရှိကြောင်း ကနဦး သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~