မိုင်းဖြတ်မြို့နယ် ဆိုင်းလေရွာအနီး ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် တာချီလိတ်မြို့မှ ဝေဠုဝန်ဆရာတော် အခြေအနေကောင်းမွန်ပြီး ကျိုင်းတုံမှ ဆရာတော် ဆေးဝါးကုသမှုခံယူနေ

မိုင်းဖြတ်မြို့နယ် ဆိုင်းလေရွာအနီး ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် တာချီလိတ်မြို့မှ ဝေဠုဝန်ဆရာတော် အခြေအနေကောင်းမွန်ပြီး ကျိုင်းတုံမှ ဆရာတော် ဆေးဝါးကုသမှုခံယူနေ
သွဂုတျ 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် တာချီလိတ် - ကျိုင်းတုံကားလမ်း ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြားတွင် သြဂုတ်လ (၁၂)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် ဆရာတော် (၂)ပါးအနက် တာချီလိတ်မြို့မှ ဝေဠုဝန်ဆရာတော်မှာ အခြေအနေ ကောင်းမွန်နေပြီး ကျိုင်းတုံမြို့မှ ဆရာတော်မှာ ကျိုင်းတုံဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။


ဝေဠုဝန်ဆရာတော်အား ကျန်းမာရေး စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် မယ်ဆိုင်လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်းနှင့် အသင်းဝင်များက မယ်ဆိုင်ဆေးရုံမှ တစ်ဆင့် ချင်းရိုင်း အိုဗာဘရွတ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး ညနေပိုင်းတွင် တာချီလိတ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် နှင့် ပတ်သက်၍ ကျိုင်းတုံ - မိုင်းဖြတ်လမ်းပိုင်း မိုင်တိုင်အမှတ် (၇၀၃/၇၀၄)ကြား ဆိုင်းလေရွာအနီးတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာစဉ် မော်တော်ယာဉ်သည် လမ်း၏ ယာဘက် ပေ(၆၀)ခန့်အနက်ရှိသည့် နမ့်လုံချောင်းအတွင်း ထိုးကျသွားသဖြင့် ယာဉ်မောင်းလည်း ဒဏ်ရာရသွားပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တာချီလိတ်မြို့မှ ဝေဠုဝန်ကျောင်းထိုင် ဆရာတော် ဥူးနန္ဒိမာ ယာလက်ချောင်း ပွန်းပဲ့ဒဏ်ရာ၊ ၀ဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ ၀ဲခြေဖမိုးပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်)နှင့် ကျိုင်းတုံမြို့မှ ဓမ္မသုခကျောင်းတိုက်မှ ဆရာတော် ဥူးခေမိသာရမှာ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာလက်ဖမိုးပွန်းဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်) ဖြင့် ဒဏ်ရာ အသီးသီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း မိုင်းဖြတ်မြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

ကျိုင်းတုံမြို့ ဓမ္မသုခကျောင်းတိုက်မှ ဆရာတော် ဥူးခေမိသာရမှာ ဒဏ်ရာဖြင့် ကျိုင်းတုံဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံရယူနေသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်းထံက သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် တာချီလိတ် - ကျိုင်းတုံကားလမ်း ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြားတွင် သြဂုတ်လ (၁၂)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် ဆရာတော် (၂)ပါးအနက် တာချီလိတ်မြို့မှေဝဠုဝန်ဆရာတော်မှာ အခြေအနေ ကောင်းမွန်နပြေီး ကျိုင်းတုံမြို့မှ ဆရာတော်မှာ ကျိုင်းတုံဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

"​ဝေဠုဝန်​ဆရာ​တော် အခြေအနေကတော့ စိုးရိမ်စရာတော့ မရှိပါဘူး။ မယ်​ဆိုင်​​ဆေးရုံက အတွင်​းပိုင်​း ထိခိုက်​မှု မရှိဘူးဆို​ပေမယ့် ချင်​းရိုင်​း အိုဗာဘရွတ်​မှာ ​သေချာ​အောင်​ ထပ်​ပြီး စမ်​းသပ်​ စစ်​​ဆေးပြီး ဆေးထိုးရပါတယ်။ ဆရာဝန်ကတော့ (၃) ရက်၊ (၄)ရက်ဝန်းကျင်လောက် အပြင်းအထန်မလှုပ်ရှားဘဲ အနားယူရမယ်လို့ ပြောပါတယ်။ အတွင်းပိုင်း ပုံမှန်အားလုံးကောင်းပေမယ့် ခါးနာတာ၊ ရင်ဘတ်နာတာနဲ့ ခေါင်းကိုက်တာတော့ ဖြစ်တယ်လို့ သိရပါတယ်"ဟု ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ေဝဠုဝန်ဆရာတော်အား ကျန်းမာရေး စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် မယ်ဆိုင်လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်းနှင့် အသင်းဝင်များက မယ်ဆိုင်ဆေးရုံမှ တစ်ဆင့် ချင်းရိုင်း အိုဗာဘရွတ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး ညနေပိုင်းတွင် တာချီလိတ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် နှင့် ပတ်သက်၍ ကျိုင်းတုံ - မိုင်းဖြတ်လမ်းပိုင်း မိုင်တိုင်အမှတ် (၇၀၃/၇၀၄)ကြား ဆိုင်းလေရွာအနီးတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာစဉ် မော်တော်ယာဉ်သည် လမ်း၏ ယာဘက် ပေ(၆၀)ခန့်အနက်ရှိသည့် နမ့်လုံချောင်းအတွင်း ထိုးကျသွားသဖြင့် ယာဉ်မောင်းလည်း ဒဏ်ရာရသွားပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တာချီလိတ်မြို့မှ ဝေဠုဝန်ကျောင်းထိုင် ဆရာတော် ဉူးနန္ဒိမာ ယာလက်ချောင်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေဖမိုးပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်)နှင့် ကျိုင်းတုံမြို့မှ ဓမ္မသုခကျောင်းတိုက်မှ ဆရာတော် ဉူးခေမိသာရမှာ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာလက်ဖမိုးပွန်းဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်) ဖြင့် ဒဏ်ရာ အသီးသီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း မိုင်းဖြတ်မြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

ကျိုင်းတုံမြို့ ဓမ္မသုခကျောင်းတိုက်မှ ဆရာတော် ဉူးခေမိသာရမှာ ဒဏ်ရာဖြင့် ကျိုင်းတုံဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံရယူနေသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်းထံက သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~