တာချီလိတ်တွင် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံးမှု (၃)မှုဖြစ်ပွား

တာချီလိတ်တွင် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံးမှု (၃)မှုဖြစ်ပွား
သြဂုတ် 14, 2017
By Tachileik News Agency

တာချီလိတ်မြို့တွင် သြဂုတ်လ၏ လ၀က်အတွင်း  လေးဦးမြောက် ကြိုးဆွဲချ သေဆုံးမှုအဖြစ် ဆန်ဆိုင်း(ခ)ရပ်ကွက် ၊ ၀မ်မိုင်ရွာတွင် သြဂုတ်လ (၁၄)ရက်နေ့ နံနက် (၄) နာရီခွဲဝန်းကျင်က လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၂၄)နှစ်အရွယ် မောင်ရာဇာမိုး (ခ) ခွန်ပွေအောင်ဆိုသူဖြစ်ပြီး တောင်ကြီးမြို့မှ တာချီလိတ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် လာရောက် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအား တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င်  ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီးနောက် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးမှုဆောင်ရွက်နေပြီး အလောင်းအား တောင်ကြီးမြို့ရှိ မိဘများ၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်မြို့မသုသာန်တွင် တာချီလိတ်နာရေးကူညီမှုအသင်းက သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်  သြဂုတ်လ (၅)ရက်နေ့က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု ၊ ဆီလီမွန်းကျေးရွာ သင်္ချိုင်းအနီး တောထဲတွင် အသက်(၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦး၊ သြဂုတ်လ (၁၁)ရက်နေ့က ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာတွင် အသက် (၂၉)နှစ်အရွယ် လူငယ်တစ်ဦး၊ သြဂုတ်လ (၁၃)ရက်နေ့က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နာတာကျိုးကျေးရွာတွင် အသက် (၃၇)နှစ်အရွယ် လူငယ်တစ်ဦး နှင့် ယခု သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက် ၊ ၀မ်မိုင်ရွာတွင် အသက်(၂၄)နှစ် လူငယ်တစ်ဦး အပါအ၀င် သြဂုတ်လ၏ လ၀က်အတွင်း ကြိုးဆွဲချသေဆုံးသူ (၄)ဦး ရှိလာကြောင်း သိရှိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~