တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ ၏ ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ႀကိဳးဆြဲခ်ေသဆုံးမႈ (၄)မႈျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ ၏ ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ႀကိဳးဆြဲခ်ေသဆုံးမႈ (၄)မႈျဖစ္ပြား
သြဂုတ် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆုိင္း(ခ)ရပ္ကြက္ ၊ ၀မ္မုိင္ရြာတြင္ ၾသဂုတ္လ (၁၄)ရက္ေန႔ နံနက္ (၄) နာရီခြဲ၀န္းက်င္က လူငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုးမႈျဖစ္ပြားသည့္အတြက္ ၾသဂုတ္လ၏ ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ေလးဦးေျမာက္ ႀကိဳးဆြဲခ် ေသဆံုးမႈ ျဖစ္လာသည္။

ေသဆံုးသူမွာ အသက္ (၂၄)ႏွစ္အရြယ္ ေမာင္ရာဇာမုိး (ခ) ခြန္ေပြေအာင္ဆုိသူျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕မွ ျဖစ္၍ တာခ်ီလိတ္ၿမိဳ႕ရိွ ကားဝပ္ေရွာ့တစ္ခုတြင္ လာေရာက္ အလုပ္ လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား ဆန္ဆုိင္း(ခ)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕အပါအဝင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ၿပီးေနာက္ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမွဳအသင္းက တာခ်ီလိတ္ခရုိင္ျပည္သူ႕ေဆးရံုရွိ ရင္ခြင္ရံုသို႔ ပုိ႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆုိပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိ္တ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးမႈေဆာင္ရြက္ေနၿပီး အေလာင္းအား ေဆြမ်ဳိးမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ တာခ်ီလိတ္နာေရး ကူညီမႈအသင္းက သၿဂႋဳဟ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ (၅)ရက္ေန႔က မုိင္းကုိးေက်းရြာအုပ္စု ၊ ဆီလီမြန္းေက်းရြာ သခ်ဳႋင္းအနီး ေတာထဲ၌ အသက္(၃၀) ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး၊ ၾသဂုတ္လ (၁၁)ရက္ေန႔က ဝမ္ေကာင္းရပ္ကြက္၊ ကခ်င္ရြာတြင္ အသက္ (၂၉)ႏွစ္အရြယ္ လူငယ္တစ္ဦး၊ ၾသဂုတ္လ (၁၃)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ နာတာက်ဳိးေက်းရြာတြင္ အသက္ (၃၇)ႏွစ္အရြယ္ လူငယ္တစ္ဦးႏွင့္ ၾသဂုတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ဆန္ဆုိင္း(ခ)ရပ္ကြက္ ၊ ၀မ္မုိင္ရြာတြင္ အသက္(၂၄)ႏွစ္ အရြယ္ လူငယ္တစ္ဦး စုစုေပါင္း (၄)ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့သည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် သြဂုတ်လ (၁၄)ရက်နေ့ နံနက် (၄) နာရီခွဲဝန်းကျင်က လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားသည့်အတွက် သြဂုတ်လ၏ ရက်သတ္တပတ် နှစ်ပတ်အတွင်း လေးဦးမြောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်လာသည်။

သေဆုံးသူမှာ အသက် (၂၄)နှစ်အရွယ် မောင်ရာဇာမိုး (ခ) ခွန်ပွေအောင်ဆိုသူဖြစ်ပြီး တောင်ကြီးမြို့မှ ဖြစ်၍ တာချီလိတ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် လာရောက် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအား ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အပါအဝင် တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီးနောက် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွင်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိ်တ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးမှုဆောင်ရွက်နပြေီး အလောင်းအား ဆွေမျိုးများ၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်မြို့မသုသာန်တွင် တာချီလိတ်နာရေး ကူညီမှုအသင်းက သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် သြဂုတ်လ (၅)ရက်နေ့က မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီမွန်းကျေးရွာ သင်္ချိုင်းအနီး တောထဲ၌ အသက်(၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦး၊ သြဂုတ်လ (၁၁)ရက်နေ့က ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာတွင် အသက် (၂၉)နှစ်အရွယ် လူငယ်တစ်ဦး၊ သြဂုတ်လ (၁၃)ရက်နေ့က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နာတာကျိုးကျေးရွာတွင် အသက် (၃၇)နှစ်အရွယ် လူငယ်တစ်ဦးနှင့် သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် အသက်(၂၄)နှစ် အရွယ် လူငယ်တစ်ဦး စုစုပေါင်း (၄)ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~