ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းသည် တောင်ကျရေကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့အကူး (၀၀း၁၀)နာရီမှ စ၍ ရေလျှံမှုများဖြစ်ပေါ်သဖြင့် ၀မ်ကောင်းရပ်ကွက် အတွင်းရှိ ဘုရင့်နောင်ဈေးရှေ့ ရတနာလမ်း တစ်လျှောက်၊ တာလော့ဈေး၊ ပုန်းထွန်ရပ်ကွက်၊ မြို့နယ်အကောက်ခွန်ရုံးရှေ့ နှင့် ဗိုလ်ချုပ်လမ်းမပေါ်အထိ ရေလျှံမှုများ ဖြစ်သွားကြာင်း သိရသည်။
မိုးရွာသွန်းပြီးနောက် တောင်ကျရေကြောင့် နမ့်ယွန်းချောင်း နှင့် ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းတို့တွင် ရေလျှံမှုမှာ မိနစ်(၃၀)အကြာ (ဝဝး၃၉)နာရီအချိန်တွင် ရေကျသွားကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်တွင် (ဝဝး၅၁)နာရီအချိန်ထိ တောင်ကျရေကြောင့် အချို့နေအိမ်များအထိ ရေများ ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ။ ဇောင်းညီ၊ ထက်ကျော်လင်း၊ ရဲရင့်သွေး