တာချီလိတ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ရှိ ဆွမ်းချက်ဆောင်ပေါ် မြေပြိုကျ၍ ပျက်စီးမှု ဖြစ်ပွား

တာချီလိတ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ရှိ ဆွမ်းချက်ဆောင်ပေါ် မြေပြိုကျ၍ ပျက်စီးမှု ဖြစ်ပွား
သွဂုတျ 16, 2017
By Tachileik News Agency


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သြဂုတ်လ(၁၅)ရက်နေ့ ညနေက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တာချီလိတ်၊ ပုန်းထွန် ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ဆွမ်းချက်ဆောင်သည် သြဂုတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက တောင်ပေါ်မှ မြေပြိုကျလာမှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဆွမ်းချက်ဆောင် ပျက်စီးမှုနှင့် ပတ်သက်၍ ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပြင် လူမှုရေးအသင်း အဖွဲ့များမှ သွားရောက် ကြည့်ရှုပြီး ကူညီမှုများ လုပ်ဆောင်ပေးနေကြောင်းနှင့် တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်နေသော ကျောက်နှင့်မြေကြီးများအား ဖယ်ရှာပေးနိုင်ရန်အတွက် ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် သက်ဆိုင်ရာတို့မှ ဆွေးနွေးနေကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သြဂုတ်လ(၁၅)ရက်နေ့ ညနေက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တာချီလိတ်၊ ပုန်းထွန် ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ဆွမ်းချက်ဆောင်သည် သြဂုတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက တောင်ပေါ်မှ မြပြေိုကျလာမှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဆွမ်းချက်ဆောင် ပျက်စီးမှုနှင့် ပတ်သက်၍ ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပြင် လူမှုရေးအသင်း အဖွဲ့များမှ သွားရောက် ကြည့်ရှုပြီး ကူညီမှုများ လုပ်ဆောင်ပေးနေကြောင်းနှင့် တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်နေသော ကျောက်နှင့်မြကြေီးများအား ဖယ်ရှာပေးနိုင်ရန်အတွက် ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် သက်ဆိုင်ရာတို့မှ ဆွေးနွေးနေကြောင်း သိရသည်။

လတ်တလောတွင် ဆွမ်းချက်ဆောင်ပေါ် ပြိုကျမှုကြောင့် ရှင်းလင်းဖယ်ရှားရန်အတွက် လုပ်အားများ လိုအပ်နေလျက်ရှိကြောင်းနှင့် မိုးထပ်မံ ရွာသွန်းပါက အဆိုပါ တောင်မှာ ထပ်မံပြိုကျလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - စိုးထွန်းနိုင်(ကောင်းဆက်လင်း) 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~