တာချီလိတ်၌ သြဂုတ်လ(၁၇)ရက်နေ့အကူးတွင် မယ်ဆိုင်ချောင်းရေတက်လာ၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ၀င်ရောက်
တာချီလိတ်၌ သြဂုတ်လ(၁၇)ရက်နေ့အကူးတွင် မယ်ဆိုင်ချောင်းရေတက်လာ၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ၀င်ရောက်
သွဂုတျ 17, 2017
By Tachileik News Agency
ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက နီးစပ်ရာများသို့ အကူအညီတောင်းခံနိုင်ရန်အတွက် သက်ဆိုင်ရာမှ စီစဉ်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - #ဇောင်းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့က စတင်၍ မိုးရွာသွန်းမှုကြောင့် မြန်မာ - ထိုင်း နယ်စပ်ရှိ တာချီလိတ်မြို့ မယ်ဆိုင်ချောင်း နှင့် နမ့်ယွန်းချောင်းအတွင်းမှ ရေများ တက်လာမှုကြောင့် ညပိုင်းတွင် ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယခု သြဂုတ်လ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အကူး (ဝဝး၂၀)နာရီဝန်းကျင်တွင်လည်း မယ်ဆိုင်ချောင်းရေ တက်လာသည့်အတွက် ပုန်းထွန်ရပ်ကွက်မှ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတားအထိ အခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။ ပုံများမှာ သြဂုတ်လ(၁၇)ရက်နေ့ (ဝဝး၂၀)နာရီမှ နံနက်(၂း၃၅)နာရီအချိန်အထိ မြင်ကွင်းများဖြစ်ပါသည်။
သြဂုတ်လ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အကူး (ဝဝး၂၀)နာရီဝန်းကျင်တွင် မယ်ဆိုင်ချောင်းရေ တက်လာမှုကြောင့် မယ်ဆိုင်ချောင်းအနီးရှိ ရွှေနန်းတော်ကုန်တိုက်၊ ခရိုင်လဝကရုံး၊ တာလော့ဈေး၊ အလူရာဟိုတယ်လမ်းကြား၊ ဝမ်ကောင်းရပ်ကွက်ရှိ၊ ဆက်သွယ်ရေးရုံးနှင့် သစ်တောရုံး၊ တာလော့စာသင်ကျောင်းဝန်းအတွင်း နှင့် မေဖလာဝါးကွင်းတို့တွင် ရေများ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး နံနက်(၃)နာရီ တိတိအချိန်အထိ ရေများ ကျသွားခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။
ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက နီးစပ်ရာများသို့ အကူအညီတောင်းခံနိုင်ရန်အတွက် သက်ဆိုင်ရာမှ စီစဉ်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~