တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုဆိပ္ကမ္း စက္ေလွဆိပ္တြင္ ဓါးခုတ္မႈျဖစ္၍ က်ဴးလြန္သူအား ရဲတပ္ဖြဲ႔က ဖမ္းဆီးထား

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုဆိပ္ကမ္း စက္ေလွဆိပ္တြင္ ဓါးခုတ္မႈျဖစ္၍ က်ဴးလြန္သူအား ရဲတပ္ဖြဲ႔က ဖမ္းဆီးထား
သြဂုတ် 17, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ဝမ္ပံုေက်းရြာ၊ ၾကာသပေတးေစ်းအနီး၊ ဝမ္ပံုဆိပ္ကမ္း စက္ေလွဆိပ္တြင္ လူတစ္ေယာက္အား ေနာက္ေက်ာဘက္မွ ရုတ္တရက္ ဓားျဖင့္ဝင္ခုတ္သူအား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္ပိုင္းက ဝမ္ပံုရြာေန က်ထီး ဆိုသူမွာ သူငယ္ခ်င္းမ်ားျဖစ္ေသာ အုိက္ထြန္း၊ အိုက္အြဲတို႔ႏွင့္အတူ ၎တို႔ေမာင္းေသာ စက္ေလွအား ကမ္းစပ္သို႔ ဆြဲကပ္ၿပီးေနာက္ စက္ေလွေပၚတြင္ ဆြမ္းေတာ္ကပ္ရန္ ကမ္းစပ္တြင္ ရပ္ထားသည့္ ဆိုင္ကယ္ ထုိင္ခံုေအာက္မွ ဆြမ္းေတာ္ထုပ္အား ယူရန္ဖြင့္ေနစဥ္ တစ္ရြာတည္းေန ေဂါက္ေဂါက္ (ခ)သန္းထုိက္ ဆိုသူက ရုတ္တရက္ေနာက္မွ ေရာက္လာၿပီး ဓားျဖင့္ခုတ္ကာ ထြက္ေျပးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

၀ဲဘက္လည္ပင္းတြင္ ျပတ္ရွေသြးထြက္ဒဏ္ရာ ရရွိသြားသည့္ က်ထီးအား သူငယ္ခ်င္းမ်ားက ဝမ္ပံုတုိက္နယ္ ေဆးရံုသို႔ ပို႔ေဆာင္ေပးၿပီး ရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ ဝမ္ပံုနယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ေက်ာ္ထြန္းႏွင့္ အဖြဲ႔က အခင္းျဖစ္ေနရာသို႔ သြားေရာက္ စစ္ေဆးျခင္း၊ ဒဏ္ရာရသူအား ေမးျမန္းစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ကာ ဖမ္းဆီးရမိထားသည့္ ေဂါက္ေဂါက္ (ခ) သန္းထိုက္အား ဆက္လက္၍ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓားျဖင့္ခုတ္သည့္ အသက္(၃၅)ႏွစ္အရြယ္ရွိ ေဂါက္ေဂါက္(ခ)သန္းထုိက္အား ဝမ္ပံုနယ္ေျမရဲစခန္းတြင္ (ပ) ၁၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ-၃၂၆ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ကြာသပတေးဈေးအနီး၊ ဝမ်ပုံဆိပ်ကမ်း စက်လှေဆိပ်တွင် လူတစ်ယောက်အား နောက်ကျောဘက်မှ ရုတ်တရက် ဓားဖြင့်ဝင်ခုတ်သူအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ဝမ်ပုံရွာနေ ကျထီး ဆိုသူမှာ သူငယ်ချင်းများဖြစ်သော အိုက်ထွန်း၊ အိုက်အွဲတို့နှင့်အတူ၎င်းတို့မောင်းသော စက်လှေအား ကမ်းစပ်သို့ ဆွဲကပ်ပြီးနောက် စက်လှေပေါ်တွင် ဆွမ်းတော်ကပ်ရန် ကမ်းစပ်တွင် ရပ်ထားသည့် ဆိုင်ကယ် ထိုင်ခုံအောက်မှ ဆွမ်းတော်ထုပ်အား ယူရန်ဖွင့်နေစဉ် တစ်ရွာတည်းနေ ဂေါက်ဂေါက် (ခ)သန်းထိုက် ဆိုသူက ရုတ်တရက်နောက်မှ ရောက်လာပြီး ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝဲဘက်လည်ပင်းတွင် ပြတ်ရှသွေးထွက်ဒဏ်ရာ ရရှိသွားသည့် ကျထီးအား သူငယ်ချင်းများက ဝမ်ပုံတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးပြီး ရဲစခန်းသို့ အကြောင်းကြားသဖြင့် ဝမ်ပုံနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခြင်း၊ ဒဏ်ရာရသူအား မေးမြန်းစစ်ဆေးခြင်းများ လုပ်ဆောင်ကာ ဖမ်းဆီးရမိထားသည့် ဂေါက်ဂေါက် (ခ) သန်းထိုက်အား ဆက်လက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓားဖြင့်ခုတ်သည့် အသက်(၃၅)နှစ်အရွယ်ရှိ ဂေါက်ဂေါက်(ခ)သန်းထိုက်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ) ၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~