ယနေ့ ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အစောပိုင်းက စ၍ လက်ရှိ နေ့လယ်(၁၂း၄၅)နာရီအချိန်အထိ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း နှင့် ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက်တို့တွင် ရေကြီးရေလျှံဖြစ်နေသည့်အတွက် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် လျှပ်စစ်မီးခေတ္တဖြတ်တောက်ထားကြောင်း နှင့် ရေကျသွားပါက ပုံမှန်အတိုင်း ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။
