ကျပ်သိန်း (၁၂၀၀)ကျော်ကုန်ကျသည့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးသစ် အဆောက်အဦ ဖွင့်လှစ်

ကျပ်သိန်း (၁၂၀၀)ကျော်ကုန်ကျသည့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးသစ် အဆောက်အဦ ဖွင့်လှစ်
သွဂုတျ 19, 2017
By Tachileik News Agency


စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့မှ အဖွဲ့ဝင် ဗိုလ်ကြီး ချစ်ဝေ(ငြိမ်း)၊ မြို့နယ်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကြည်ညွန့်(ငြိမ်း)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆိုပါ ရုံးခန်းအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။



သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ကျပ်ငွေ (၁၂၈၂)သိန်းကုန်ကျသည့် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အဆောက်အဦကို သြဂုတ်လ (၁၉) ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့မှ အဖွဲ့ဝင် ဗိုလ်ကြီး ချစေ်ဝ(ငြိမ်း)၊ မြို့နယ်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကြည်ညွန့်(ငြိမ်း)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆိုပါ ရုံးခန်းအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

အဆိုပါ အဆောက်အဦသစ် ဆောက်လုပ်ရာတွင် အဖက်ဖက်မှ ပါဝင် ကူညီ လှူဒါန်းခဲ့သည့် စေတနာရှင် အလှူရှင်များအား ဖွင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြောင်း သိရသည်။

ရုံးသစ်အဆောက်အဦမှာ အလျား (၃၃)ပေ၊ အနံ(၃၃)ပေ ပတ်လည် RC ကွန်ကရစ် လေးထပ် အဆောက်အဦ ဖြစ်ပြီး အဖွဲ့ရန်ပုံငွေနှင့် အလှူရှင်များ၏ ပါဝင် လှူဒါန်းမှုတို့ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့က စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး ဝင်းနိုင် (ငြိမ်း)ထံက သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~