မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် - မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်းရေများ တိုက်စားမှု အားများကြောင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား နှင့် မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက်၏ အနောက်ဘက်ခြမ်း အုတ်တံတိုင်းမှာ သြဂုတ်လ(၁၉)ရက်နေ့ နေ့လယ်ပိုင်းက ပြိုကျသွား၍ ရေကြီး ရေလျှံမှုများ ထပ်မံ၍ ဖြစ်ပေါ်လာပါက အနိမ့်ပိုင်းရပ်ကွက်များ အတွက် အန္တရာယ်ရှိနိုင်၍ သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က စ၍ သြဂုတ်လ(၁၉)ရက်နေ့ ည(၈)နာရီဝန်းကျင် အချိန်အထိ ယာယီရေတားများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်နှင့်အဖွဲ့ဝင်များ စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညပိုင်းအချိန်အထိ ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကိုရဲ
တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်နှင့်အဖွဲ့ဝင်များ စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညပိုင်းအချိန်အထိ ဆောင်ရွက်နကြခြေင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကိုရဲ
