မိုင္းေယာင္းၿမိဳ႕ ေလာ့ဟန္ရြာအနီး ေတာင္ယာတဲတြင္ လက္လုပ္ေသနတ္ႏွင့္ ယမ္းမႈန္႔မ်ားေတြ႔ရွိသျဖင့္ ေသနတ္ကိုင္ေဆာင္သူအား အမႈဖြင့္ထား

မိုင္းေယာင္းၿမိဳ႕ ေလာ့ဟန္ရြာအနီး ေတာင္ယာတဲတြင္ လက္လုပ္ေသနတ္ႏွင့္ ယမ္းမႈန္႔မ်ားေတြ႔ရွိသျဖင့္ ေသနတ္ကိုင္ေဆာင္သူအား အမႈဖြင့္ထား
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္ ၊ ဝမ္ဘိုးအုပ္စု ၊ ေလာ့ဟန္ေက်းရြာ အနီးတြင္ ခမရ(၅၇၃)တပ္စိတ္မွ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနစဥ္ ၾသဂုတ္လ (၂၃)ရက္ေန႔ ညေန(၅)နာရီခြဲခန္႔က လက္လုပ္ေသနတ္အတိုတစ္လက္နွင့္ ယမ္းမႈန္႔၊ေဘာေစ့မ်ားအား သိမ္းဆည္းရမိေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕ ခမရ(၅၇၃)မွ တပ္စိတ္သည္ ေဒသတြင္း နယ္ေျမရွင္းလင္းေရးေဆာင္ရြက္စဥ္ ေလာ့ဟန္ရြာေန အိုက္က်ဳမ္း(ခ)နန္က်ဳမ္း၏ ေတာင္ယာတဲ အတြင္းမွ သစ္သားကိုယ္ထည္၊ (၇.၆၂)က်ည္ခြံ ထည့္သြင္းထားၿပီး ထီးရိုးေပၚ သံျပားအုပ္ထားကာ က်ည္ခြံအတြင္း ယမ္းႏွင့္ေဘာေစ့မ်ား ထည့္သြင္းပစ္ရသည့္ အလ်ား(၇)လက္မခန္႔ရိွ လက္လုပ္ေသနတ္အတိုတစ္လက္နွင့္ ေသနတ္တြင္း ထည့္သြင္း ပစ္ခတ္ရသည့္ ေဘာေစ့ (၉၇)လံုး၊ ယမ္းမႈန္႔ (၅)က်ပ္သား၊ အစပ်ိဳးယမ္း (၇)ခုတို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္းသိရသည္။

လုပ္ေသနတ္ကိုင္ေဆာင္သူ အိုက္က်ဳမ္း(ခ)နန္က်ဳမ္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၄၁/၂၀၁၇၊ ရွမ္းလက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးအုပ်စု၊ လော့ဟန်ကျေးရွာ အနီးတွင် ခမရ(၅၇၃)တပ်စိတ်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် သြဂုတ်လ (၂၃)ရက်နေ့ ညနေ(၅)နာရီခွဲခန့်က လက်လုပ်သေနတ်အတိုတစ်လက်နှင့် ယမ်းမှုန့်၊ဘောစေ့များအား သိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းယောင်းမြို့ ခမရ(၅၇၃)မှ တပ်စိတ်သည် ဒေသတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လော့ဟန်ရွာနေ အိုက်ကျုမ်း(ခ)နန်ကျုမ်း၏ တောင်ယာတဲ အတွင်းမှ သစ်သားကိုယ်ထည်၊ (၇.၆၂)ကျည်ခွံ ထည့်သွင်းထားပြီး ထီးရိုးပေါ် သံပြားအုပ်ထားကာ ကျည်ခွံအတွင်း ယမ်းနှင့်ဘောစေ့များ ထည့်သွင်းပစ်ရသည့် အလျား(၇)လက်မခန့်ရှိ လက်လုပ်သေနတ်အတိုတစ်လက်နှင့် သေနတ်တွင်း ထည့်သွင်း ပစ်ခတ်ရသည့် ဘောစေ့ (၉၇)လုံး၊ ယမ်းမှုန့် (၅)ကျပ်သား၊ အစပျိုးယမ်း (၇)ခုတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်းသိရသည်။

လုပ်သေနတ်ကိုင်ဆောင်သူ အိုက်ကျုမ်း(ခ)နန်ကျုမ်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ)၄၁/၂၀၁၇၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~