တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဖမ္းဆီးရမိသည့္ ေနအိမ္မွ ကားမ်ားအား ဖြင့္ေဖာက္စစ္ေဆးရာမွ မူးယစ္ေဆးႏွင့္ လက္နက္မ်ား ထပ္မံေတြ႕ရိွ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဖမ္းဆီးရမိသည့္ ေနအိမ္မွ ကားမ်ားအား ဖြင့္ေဖာက္စစ္ေဆးရာမွ မူးယစ္ေဆးႏွင့္ လက္နက္မ်ား ထပ္မံေတြ႕ရိွ
သြဂုတ် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ ၾသဂုတ္လ(၂၃)ရက္ေန႔က မက္အက္ဖီတမင္း (အုိက္စ္) (၁၄၈)ကီလို ဖမ္းဆီးရရိွခဲ့သည့္ တာခ်ီလိတ္ေနအိမ္မွသိမ္းဆည္းရမိေသာ ကား(၇)စီးအား ၾသဂုတ္လ (၂၄)ရက္ေန႔က ဆက္လက္၍ အေသးစိတ္ ဖြင့္ေဖာက္စစ္ေဆးရာမွ မူးယစ္ေဆးႏွင့္ လက္နက္ခဲယမ္းမ်ား ထပ္မံေတြ႕ရေၾကာင္း သိရသည္။

က်ိဳင္းတံုတြင္ အုိက္စ္သယ္ေဆာင္လာသည့္ကားအား ၾသဂုတ္လ(၂၃)ရက္ေန႔တြင္ ဖမ္းဆီးရရိွမႈႏွင့္ ဆက္စပ္၍ ယင္းေန႔မွာပင္ တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ရြာရွိ အားစန္းႏွင့္ အားရွဲန္တို႔၏ ေနအိမ္အား ရွာေဖြရာ ၎တို႔ႏွစ္ဦးမွာ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ေနအိမ္မွ အိုက္စ္ (၁၀၈)ကီလိုႏွင့္ ေမာ္ေတာ္ယာဥ္ (၇)စီးကို အိမ္ေစာင့္ျဖစ္သူ အားကိုင္ဖန္းႏွင့္အတူ ရွာေဖြေတြ႔ရိွခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးဝါး တားဆီးႏွိမ္းႏွင္းေရး ရဲတပ္ဖြဲ႕စု (၃၀) (တာခ်ီလိတ္)မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မွ သိမ္းဆည္းရမိေသာ ေမာ္ေတာ္ယာဥ္ (၇)စီးအား ၾသဂုတ္လ (၂၄) ရက္ေန႔ နံနက္ (၈)နာရီအခ်ိန္ ဝပ္ေရွာ့ဆရာ(ပညာရွင္)မ်ားႏွင့္ အေသးစိတ္ ျပန္လည္စစ္ေဆးရာ Lexus ယာဥ္ ေနာက္ထိုင္ခုံ ေနာက္မီးႏွင့္ ေဆာင္းေဘာက္ၾကားမွ အိုက္စ္ (၃၅) ကီလို၊ အက္တက္စီေဆးျပား (၂၉၉၀၀) ျပား၊ ဘိန္းျဖဴ (၂.၁) ကီလို၊ ကတ္တမင္း (၁၃၀) ဂရမ္ခန္႔၊ WY စာတမ္းပါ စိတ္ႂကြေဆးျပား (၃၄၄၀၀) ျပား၊ HYBRID တံဆိပ္ပါ အေမရိကန္နိုင္ငံလုပ္ RUGER BX-25 အမ်ိဳးအစားပြိဳင့္-၂၂ ေသနတ္(၁)လက္၊ ၎က်ည္(၁၉)ေတာင့္ပါက်ည္အိမ္(၁)ခု၊ PARA Ordnance စာတမ္းပါ ကေနဒါ နိုင္ငံလုပ္ ပြိဳင့္-၄၅ ပစၥတိုေသနတ္(၁)လက္၊ ၎က်ည္(၅)ေတာင့္ပါ က်ည္ကတ္ (၁)ခု၊ ၉ မမ LUGER က်ည္(၅၃)ေတာင့္၊ 999 စာတမ္းပါ ရာဘာတံဆိပ္တုံး(၁)ခုတို႔အား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းရရိွသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆုိင္ရာမ်ား ပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္လ (၂၃)ရက္ေန႔ ညေန (၆)နာရီခြဲခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့ (တြင္း) ရြာရိွ အားစန္းႏွင့္ အားရွဲန္တို႔၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အဆိုပါ ေနအိမ္ ကားဂိုေဒါင္အတြင္းရွိ ကားသံုးစီးအတြင္း ဝွက္၍ထည့္ထားသည့္ စုစုေပါင္း အိုက္စ္အေလးခ်ိန္ (၁၀၈)ကီလိုအား ဖမ္းဆီး ရမိခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးမ်ား ဝွက္ထားသည့္ ကားသံုးစီးအျပင္ ကားဂိုေဒါင္အတြင္းမွ Lexus အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Vigo အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Toyota Succeed အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Toyota Crown အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Honda PCX-150 ျဖဴ/နီေရာင္ ဆိုင္ကယ္ (၁)စီး၊ Honda PCX-150 ျဖဴ/မဲေရာင္ ဆိုင္ကယ္(၁)စီးႏွင့္ ေနအိမ္အိပ္ခန္းအတြင္းရွိ မီးခံေသတၱာ (၂)လုံးအတြင္းမွ ထိုင္းဘတ္ေငြ (၃)သိန္းႏွင့္ ျမန္မာက်ပ္ေငြ (၂)သိန္းတို႔အား စစ္ေဆးေတြ႔ရိွရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ထြက္ေျပးတိမ္းေရွာင္ေနသည့္ အားစန္း၊ အားရွဲန္ႏွင့္ ဖမ္းဆီးရမိထားသည့္ အားကိုင္ဖန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အေရးယူ ေဆာင္ရြက္ထားမႈတြင္ အဆိုပါ ထပ္တိုးေတြ႔ရိွရသည့္ မူးယစ္ေဆးႏွင့္ လက္နက္ခဲယမ္းမ်ားကိုပါ ထည့္သြင္းအေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔သည္ ၾသဂုတ္လ(၂၃)ရက္ေန႔ ညေန(၃)နာရီ ၀န္းက်င္က က်ိဳင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္းတြင္ မိုင္းယန္းၿမိဳ႕ဘက္မွ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ အိုက္စ္ ကီလို(၄၀)အား ရွာေဖြေတြ႕ရွိရသျဖင့္ အဆိုပါ ေမာ္ေတာ္ယာဥ္၏ ယာဥ္ေမာင္းႏွင့္ ယာဥ္တြင္လုိက္ပါလာသူတစ္ဦးတုိ႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္ၿပီး အဆိုပါမူးယစ္ေဆးဖမ္းဆီးရရိွမႈႏွင့္ ဆက္စပ္၍ တာခ်ီလိတ္ေနအိမ္တြင္ ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့တွင် သြဂုတ်လ(၂၃)ရက်နေ့က မက်အက်ဖီတမင်း (အိုက်စ်) (၁၄၈)ကီလို ဖမ်းဆီးရရှိခဲ့သည့် တာချီလိတ်နေအိမ်မှသိမ်းဆည်းရမိသော ကား(၇)စီးအား သြဂုတ်လ (၂၄)ရက်နေ့က ဆက်လက်၍ အသေးစိတ် ဖွင့်ဖောက်စစ်ဆေးရာမှ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ထပ်မံတွေ့ရကြောင်း သိရသည်။

ကျိုင်းတုံတွင် အိုက်စ်သယ်ဆောင်လာသည့်ကားအား သြဂုတ်လ(၂၃)ရက်နေ့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်၍ ယင်းနေ့မှာပင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ အားစန်းနှင့် အားရှဲန်တို့၏ နေအိမ်အား ရှာဖွေရာ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နပြေီး နေအိမ်မှ အိုက်စ် (၁၀၈)ကီလိုနှင့် မော်တော်ယာဉ် (၇)စီးကို အိမ်စောင့်ဖြစ်သူ အားကိုင်ဖန်းနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်းနှင်းရေး ရဲတပ်ဖွဲ့စု (၃၀) (တာချီလိတ်)မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိသော မော်တော်ယာဉ် (၇)စီးအား သြဂုတ်လ (၂၄) ရက်နေ့ နံနက် (၈)နာရီအချိန် ဝပ်ရှော့ဆရာ(ပညာရှင်)များနှင့် အသေးစိတ် ပြန်လည်စစ်ဆေးရာ Lexus ယာဉ် နောက်ထိုင်ခုံ နောက်မီးနှင့် ဆောင်းဘောက်ကြားမှ အိုက်စ် (၃၅) ကီလို၊ အက်တက်စီဆေးပြား (၂၉၉၀၀) ပြား၊ ဘိန်းဖြူ (၂.၁) ကီလို၊ ကတ်တမင်း (၁၃၀) ဂရမ်ခန့်၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၃၄၄၀၀) ပြား၊ HYBRID တံဆိပ်ပါ အမေရိကန်နိုင်ငံလုပ် RUGER BX-25 အမျိုးအစားပွိုင့်-၂၂ သေနတ်(၁)လက်၊၎င်းကျည်(၁၉)တောင့်ပါကျည်အိမ်(၁)ခု၊ PARA Ordnance စာတမ်းပါ ကနေဒါ နိုင်ငံလုပ် ပွိုင့်-၄၅ ပစ္စတိုသေနတ်(၁)လက်၊၎င်းကျည်(၅)တောင့်ပါ ကျည်ကတ် (၁)ခု၊ ၉ မမ LUGER ကျည်(၅၃)တောင့်၊ 999 စာတမ်းပါ ရာဘာတံဆိပ်တုံး(၁)ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၂၃)ရက်နေ့ ညနေ (၆)နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း) ရွာရှိ အားစန်းနှင့် အားရှဲန်တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ် ကားဂိုဒေါင်အတွင်းရှိ ကားသုံးစီးအတွင်း ဝှက်၍ထည့်ထားသည့် စုစုပေါင်း အိုက်စ်အလေးချိန် (၁၀၈)ကီလိုအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးများ ဝှက်ထားသည့် ကားသုံးစီးအပြင် ကားဂိုဒေါင်အတွင်းမှ Lexus အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Vigo အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Toyota Succeed အနက်ရောင် မော်တော်ယာဉ် (၁)စီး၊ Toyota Crown အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Honda PCX-150 ဖြူ/နီရောင် ဆိုင်ကယ် (၁)စီး၊ Honda PCX-150 ဖြူ/မဲရောင် ဆိုင်ကယ်(၁)စီးနှင့် နေအိမ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာ (၂)လုံးအတွင်းမှ ထိုင်းဘတ်ငွေ (၃)သိန်းနှင့် မြန်မာကျပ်ငွေ (၂)သိန်းတို့အား စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် အားစန်း၊ အားရှဲန်နှင့် ဖမ်းဆီးရမိထားသည့် အားကိုင်ဖန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားမှုတွင် အဆိုပါ ထပ်တိုးတွေ့ရှိရသည့် မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများကိုပါ ထည့်သွင်းအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် သြဂုတ်လ(၂၃)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်က ကျိုင်းတုံမြို့ နောင်ဖာရဲကင်းတွင် မိုင်းယန်းမြို့ဘက်မှ မောင်းနှင်လာသည့် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ အိုက်စ် ကီလို(၄၀)အား ရှာဖွေတွေ့ရှိရသဖြင့် အဆိုပါ မော်တော်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်တွင်လိုက်ပါလာသူတစ်ဦးတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနခြေင်းဖြစ်ပြီး အဆိုပါမူးယစ်ဆေးဖမ်းဆီးရရှိမှုနှင့် ဆက်စပ်၍ တာချီလိတ်နေအိမ်တွင် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~