ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္း၏ ယခုဘ႑ာႏွစ္အတြင္း ပထမဆံုး ခရီးသြား အာမခံေလ်ာ္ေၾကးအျဖစ္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ဒဏ္ရာရခဲ့သူအား ၾသဂုတ္လ (၂၄)ရက္ေန႔က ကားေလး၀န္းအတြင္းရွိ မင္းေခတ္သစ္ကုမၸဏီရံုးခန္း၌ ေပးအပ္လုိက္ေၾကာင္း သိရသည္။
“ဒဏ္ရာရတဲ့သူက ခရီးသြား အာမခံထား ထားတဲ့အတြက္ အာမခံေလ်ာ္ေၾကး ေပးအပ္တာပါ။ ခ်မ္းသာေအာင္ကားအသင္းက ေတာင္ႀကီးနဲ႕ တာခ်ီလိတ္ခရီးစဥ္မွာ မုိင္းျဖတ္နားမွာ တိမ္းေမွာက္တဲ့ ျဖစ္စဥ္ကပါ။ ေသဆံုးတစ္ေယာက္နဲ႔ ဒဏ္ရာရတစ္ေယာက္မွာ ေသဆံုးကေတာ့ မေကြးကဆိုေတာ့ မေကြးကိုပို႔ရတာေပါ့။ အာမခံေတာင္းတဲ့အမႈတြဲက ေတာင္ႀကီးရံုးကို တင္ထားတာေတြပါ။ ဒဏ္ရာရသူက တာခ်ီလိတ္ကဆိုေတာ့ တာခ်ီလိတ္ရံုးကို ေပးခိုင္းတာေပါ့။ မေကြးက ေသဆံုးသူအတြက္ကေတာ့ က်ပ္သိန္း (၃၀) ေလ်ာ္ေပးၿပီးၿပီ။ တာခ်ီလိတ္က ဒဏ္ရာရသူကေတာ့ ဆရာဝန္ေထာက္ခံခ်က္အရ က်ပ္(၃၅၉၀၀၀) ေပးအပ္ထားပါတယ္”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ျမန္မာ့အာမခံလုပ္ငန္းတြင္ တာခ်ီလိတ္ခရိုင္အတြင္းမွ အမ်ားဆံုးထားရိွသည့္ အာမခံမွာ သူတစ္ပါးထိခိုက္မႈ အာမခံျဖစ္ၿပီး ဒုတိယ အမ်ားဆံုးမွာ အသက္အာမခံႏွင့္ တတိယအမ်ားဆံုးမွာ ခရီးသြား အာမခံျဖစ္ေၾကာင္း သိရသည္။
ခရီးသြားအာမခံကို အမ်ားအားျဖင့္ အေဝးေျပးကားလုိင္းမ်ားက အာမခံလုပ္ငန္းႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုကာ ခရီးသည္မ်ားအတြက္ ကိုယ္စားဝယ္ယူေပးေလ့ရိွၿပီး အေဝးေျပးယာဥ္လုိင္းျဖင့္မဟုတ္ဘဲ ကိုယ္ပိုင္ယာဥ္၊ အငွားယာဥ္မ်ားျဖင့္ ခရီးသြားသူမ်ားအေနျဖင့္လည္း ဝယ္ယူႏုိင္ေၾကာင္း သိရသည္။
ခရီးသြားအာမခံမွာ တစ္ယူနစ္လ်င္ က်ပ္ (၃၀၀)ႏႈန္းျဖင့္ ခရီးသည္တစ္ဦးလ်င္ ႏွစ္ယူနစ္အထိ ဝယ္ယူခြင့္ရိွၿပီး တစ္ယူနစ္၏ အက်ိဳးခံစားခြင့္မွာ ေသဆံုးမႈအတြက္ ေလ်ာ္ေၾကးက်ပ္သိန္း (၃၀)ႏွင့္ ဒဏ္ရာရသူအတြက္ ဒဏ္ရာရသည့္ ရာခုိင္ႏႈန္းအလိုက္ေပးေလ်ာ္ျခင္းျဖစ္ရာ ႏွစ္ ယူနစ္ဝယ္ယူထားပါက ႏွစ္ဆခံစားခြင့္ရိွေၾကာင္း သိရသည္။
ႏုိင္ငံပိုင္ အာမခံအဖြဲ႕အစည္းျဖစ္သည့္ ျမန္မာ့အာမခံလုပ္ငန္းအား ၁၉၅၂ ခုနွစ္တြင္ တည္ေထာင္ခဲ့ကာ ေပးေလ်ာ္ရန္ တာ၀န္အားလံုးကို ႏိုင္ငံေတာ္မွ တာ၀န္ယူထားျခင္းျဖစ္ၿပီး ပုဂၢလိကကုမၸဏီ အာမခံလုပ္ငန္းမ်ားကိုလည္း ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔မွစ၍ လုပ္ကို္င္ခြင့္ျပဳ ထားခဲ့ျခင္းျဖစ္သည္။
သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ေ၀ယံလင္း
“ဒဏ်ရာရတဲ့သူက ခရီးသွား အာမခံထား ထားတဲ့အတွက် အာမခံလျော်ကြေး ပေးအပ်တာပါ။ ချမ်းသာအောင်ကားအသင်းက တောင်ကြီးနဲ့ တာချီလိတ်ခရီးစဉ်မှာ မိုင်းဖြတ်နားမှာ တိမ်းမှောက်တဲ့ ဖြစ်စဉ်ကပါ။ သေဆုံးတစ်ယောက်နဲ့ ဒဏ်ရာရတစ်ယောက်မှာ သေဆုံးကတော့ မကွေးကဆိုတော့ မကွေးကိုပို့ရတာပေါ့။ အာမခံတောင်းတဲ့အမှုတွဲက တောင်ကြီးရုံးကို တင်ထားတာတွေပါ။ ဒဏ်ရာရသူက တာချီလိတ်ကဆိုတော့ တာချီလိတ်ရုံးကို ပေးခိုင်းတာပေါ့။ မကွေးက သေဆုံးသူအတွက်ကတော့ ကျပ်သိန်း (၃၀) လျော်ပေးပြီးပြီ။ တာချီလိတ်က ဒဏ်ရာရသူကတော့ ဆရာဝန်ထောက်ခံချက်အရ ကျပ်(၃၅၉၀၀၀) ပေးအပ်ထားပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းတွင် တာချီလိတ်ခရိုင်အတွင်းမှ အများဆုံးထားရှိသည့် အာမခံမှာ သူတစ်ပါးထိခိုက်မှု အာမခံဖြစ်ပြီး ဒုတိယ အများဆုံးမှာ အသက်အာမခံနှင့် တတိယအများဆုံးမှာ ခရီးသွား အာမခံဖြစ်ကြောင်း သိရသည်။
ခရီးသွားအာမခံကို အများအားဖြင့် အဝေးပြေးကားလိုင်းများက အာမခံလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုကာ ခရီးသည်များအတွက် ကိုယ်စားဝယ်ယူပေးလေ့ရှိပြီး အဝေးပြေးယာဉ်လိုင်းဖြင့်မဟုတ်ဘဲ ကိုယ်ပိုင်ယာဉ်၊ အငှါးယာဉ်များဖြင့် ခရီးသွားသူများအနဖြေင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ခရီးသွားအာမခံမှာ တစ်ယူနစ်လျင် ကျပ် (၃၀၀)နှုန်းဖြင့် ခရီးသည်တစ်ဦးလျင် နှစ်ယူနစ်အထိ ဝယ်ယူခွင့်ရှိပြီး တစ်ယူနစ်၏ အကျိုးခံစားခွင့်မှာ သေဆုံးမှုအတွက် လျော်ကြေးကျပ်သိန်း (၃၀)နှင့် ဒဏ်ရာရသူအတွက် ဒဏ်ရာရသည့် ရာခိုင်နှုန်းအလိုက်ပေးလျော်ခြင်းဖြစ်ရာ နှစ် ယူနစ်ဝယ်ယူထားပါက နှစ်ဆခံစားခွင့်ရှိကြောင်း သိရသည်။
နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းအား ၁၉၅၂ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ပေးလျော်ရန် တာဝန်အားလုံးကို နိုင်ငံတော်မှ တာဝန်ယူထားခြင်းဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီ အာမခံလုပ်ငန်းများကိုလည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ လုပ်ကို်င်ခွင့်ပြု ထားခဲ့ခြင်းဖြစ်သည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ -ေဝယံလင်း
