ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပါလျှံဥယျာဉ်ခြံတွင် ကျေးရွာ (၁၃)ရွာမှ တောင်သူ (၂၄)ဦးအား အပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်းနှင့် သဘာဝမြေသြဇာ၊ သဘာဝပိုးသတ်ဆေးနည်းပညာသင်တန်းအား မယ်ဖားလုံဖောင်ဒေးရှင်း၏ စီမံမှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနက (၂)ရက်တာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေးဦးစီးဌာနအပြင် အစိုးရမဟုတ်သည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းအချို့က ပါဝင် ကူညီပေးနေရာ ကျိုင်းတုံမြို့တွင် အကူအညီပေးသည့်အဖွဲ့များစွာရှိနေပြီး တာချီလိတ်မြို့နယ် ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မိုင်းဆတ်မြို့နယ် မိုင်းတုံးကျေးရွာအုပ်စုတို့တွင် မယ်ဖားလုံ ဖောင်ဒေးရှင်းနှင့် တာလေမြို့တွင် ဘာသာရေးအခြေခံအဖွဲ့ဖြစ်သည့် ဂရုဏာဖောင်ဒေးရှင်းတို့က ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရာသီအလိုက် စိုက်ပျိုးချိန်မှ ဈေးကွက်တင်ပို့ချိန်အထိ လိုအပ်သည့် နည်းပညာဖြန့်ဝေခြင်းများကို လုပ်ဆောင်နေပြီး ဒေသတွင်း တောင်သူများအနေဖြင့် စိုက်ပျိုး နည်းပညာများနှင့်ပတ်သက်၍ အကူအညီရယူလိုပါက စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
“စိုက်ပျိုးရေးနည်းပညာက ကျွန်တော်တို့ စိုက်ပျိုးရေးဌာနက သင်တန်းပေးတာပါ။ များသောအားဖြင့် အရင်တုန်းကတော့ သူတို့ရွာတွေကိုလိုက်ပြီး သင်တန်းပေးတာပါ။ အခုက အပင်ပိုင်း မျိုးပွားနည်းရယ်၊ ဥယျာဉ်ခြံနဲ့ ဆိုင်တာရယ်ဆိုတော့ ကျွန်တော်က ပါလျှံဥယျာဉ်ခြံကိုပဲ ရွေးပေးလိုက်တယ်။ တောင်သူတွေ ဒီရောက်အောင်နဲ့ ကျွေးမွေးတာကို မယ်ဖားလုံက တာဝန်ယူတာပေါ့”ဟု တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သင်တန်းတက်ရောက်သည့် တောင်သူများမှာ မယ်ဖားလုံဖောင်ဒေးရှင်းမှ စိုက်ပျိုးရေးကဏ္ဍအတွက် ပံ့ပိုးမှုပေးနေသည့် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မိုင်းဆတ်မြို့နယ် မိုင်းတုံးကျေးရွာအုပ်စုတို့မှဖြစ်ပြီး သြဂုတ်လ (၂၄)ရက်နှင့် (၂၅)ရက်နေ့များတွင် သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖောင်ဒေးရှင်းက တောင်သူတွေကို အစားထိုးသီးနှံဖြစ်တဲ့ ကော်ဖီတို့ လက်ဖက်တို့တွေ စိုက်ပျိုးဖို့ အခမဲ့ဝေပေးတယ်။ နည်းပညာကိုတော့ ကျွန်တော်တို့ဌာနနဲ့ဆက်သွယ်ပြီး သင်တန်းတွေစီစဉ်ပေးတယ်။ မွေးမြူရေးကတော့ သူတို့ မွေးမြူရေးဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်ပါတယ်”ဟု တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေးဦးစီးဌာနအပြင် အစိုးရမဟုတ်သည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းအချို့က ပါဝင် ကူညီပေးနေရာ ကျိုင်းတုံမြို့တွင် အကူအညီပေးသည့်အဖွဲ့များစွာရှိနပြေီး တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မိုင်းဆတ်မြို့နယ် မိုင်းတုံးကျေးရွာအုပ်စုတို့တွင် မယ်ဖားလုံ ဖောင်ဒေးရှင်းနှင့် တာလမြေို့တွင် ဘာသာရေးအခြေခံအဖွဲ့ဖြစ်သည့် ဂရုဏာဖောင်ဒေးရှင်းတို့က ကူညီပေးနခြေင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနဖြေင့် ရာသီအလိုက် စိုက်ပျိုးချိန်မှ ဈေးကွက်တင်ပို့ချိန်အထိ လိုအပ်သည့် နည်းပညာဖြန့်ဝခြေင်းများကို လုပ်ဆောင်နပြေီး ဒေသတွင်း တောင်သူများအနဖြေင့် စိုက်ပျိုး နည်းပညာများနှင့်ပတ်သက်၍ အကူအညီရယူလိုပါက စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မယ်ဖားလုံဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း စိုက်ပျိုးရေး မတိုးတက်သေးသည့်နေရာများတွင် စိုက်ပျိုးရေးကဏ္ဍအတွက် ကူညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
