အာဆီယံ ဖွဲ့စည်းတည်ထောင်မှု နှစ်(၅၀)ပြည့် အထိမ်းအမှတ် ( ASEAN 50th Anniversary )အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲအား မြန်မာနိုင်ငံ နေပြည်တော်(အမြန်လမ်းမကြီး)အပိုင်း မိုင်တိုင် ၂၀၂ မှ စတင်၍ Asian Highway 2 (AH2) (မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း)လမ်းတစ်လျှောက် မောင်းနှင်ပြီး တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ တစ်ဆင့် ထွက်ခွာမည်ဖြစ်ရာ တာချီလိတ်မြို့နယ်အတွင်း ဖြတ်သန်းစဉ် တာလေတိုးဂိတ်မှ အမှတ်(၂)တံတားအထိ အဆင်ပြေချောမွေ့ရေးအတွက် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာများ တွေ့ဆုံ၍ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုကို သြဂုတ်လ(၃၀)ရက်နေ့ နံနက်က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်အောက်တွင် ပါဝင်သည့် တာလေမြို့ရှိ တိုးဂိတ်မှ စတင်၍ တာလေ - တာချီလိတ် လမ်းတစ်လျှောက်တွင် ယာဉ်တန်းဖြတ်နေစဉ် လမ်းပေါ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက လုံခြုံရေးနှင့် စောင့်ကြည့်ရေး တာဝန်များ ခွဲဝေခြင်း၊ လမ်းပိုင်းနှင့် ပတ်သက်၍ သော်တာဝင်းကုမ္ပဏီမှ ပြုပြင်ရန်လိုအပ်သည့် လမ်းများအား ပြုပြင်ပေးနိုင်ရေး စသည့် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကြိုတင် ညှိနှိုင်းအစည်းအဝေးသို့ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ နှင့် တာချီလိတ် နှင့် တာလေတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်အောက်တွင် ပါဝင်သည့် တာလမြေို့ရှိ တိုးဂိတ်မှ စတင်၍ တာလေ - တာချီလိတ် လမ်းတစ်လျှောက်တွင် ယာဉ်တန်းဖြတ်နေစဉ် လမ်းပေါ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက လုံခြုံရေးနှင့် စောင့်ကြည့်ရေး တာဝန်များ ခွဲဝခြေင်း၊ လမ်းပိုင်းနှင့် ပတ်သက်၍ သော်တာဝင်းကုမ္ပဏီမှ ပြုပြင်ရန်လိုအပ်သည့် လမ်းများအား ပြုပြင်ပေးနိုင်ရေး စသည့် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။
အာဆီယံဖွဲ့စည်း တည်ထောင်မှု နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲဝင် နိုင်ငံတကာမှ ကားများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တစ်ဆင့် တာချီလိတ်သို့ လာရောက်မည်ဖြစ်သည့်အတွက် ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်းကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြိုတင် ညှိနှိုင်းအစည်းအေဝးသို့ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ နှင့် တာချီလိတ် နှင့် တာလေတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
