***********
ကယားပြည်နယ်အတွင်း ပထမဆုံး H1N1 အတည်ပြုလူနာတစ်ဦးကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသပေးနေရာ စက်တင်ဘာလ (၈)ရက်နေ့တွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး လူနာနေထိုင်သည့်ကျေးရွာတွင်လည်း ကျန်းမာရေးဌာန စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အသက်နှစ်နှစ်အရွယ် H1N1 အတည်ပြုလူနာမှာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ လွယ်ရင်းမင်္ဂလာရပ်ကွက်မှဖြစ်ပြီး စက်တင်ဘာလ (၂)ရက်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရာမှ သံသယလူနာအဖြစ် ဓါတ်ခွဲခန်းပို့ စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၄)ရက်နေ့တွင် အတည်ပြုလူနာအဖြစ် ဓါတ်ခွဲခန်းအဖြေရခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူထံမှ သိရသည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း
