တာချီလိတ်မြို့တွင် လျှပ်စစ်မီးလိုင်းများနှင့် မလွတ်သည့် သစ်ပင်များခုတ်ခြင်း၊ မီးတိုင်များလဲခြင်းတို့အား မီးလင်းရေးရုံးခွဲ (တာဝေ)က ရပ်ကွက်၊ကျေးရွာများတွင်အပိုင်းလိုက် လုပ်ဆောင်နေစဉ်ကာလအတွင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းကျေးရွာအထိ (ငွေတောင်ဦးကျောင်းနှင့် ကျောက်တောင်အထိ)တွင် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက် (၉)နာရီမှ နေ့လယ်(၁)နာရီအထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတစ်လျှောက်ရှိ ၂၂ ကေဗွီပါဝါလိုင်းနှင့် ၁၂ မီတာ မီးတိုင်များပြန်လည်ပြုပြင်သွားမည်ဖြစ်သဖြင့် လျှပ်စစ်မီးခေတ္တဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လျှပ်စစ်မီးလိုင်းများနှင့် မလွတ်သည့် သစ်ပင်များခုတ်ခြင်း၊ မီးတိုင်များလဲခြင်းတို့အား မီးလင်းရေးရုံးခွဲ (တာဝေ)က ရပ်ကွက်၊ကျေးရွာအပိုင်းလိုက် လုပ်ဆောင်နေစဉ်ကာလအတွင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
