မိုင္းေယာင္းၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ က်င္းပသည့္ အဆိုပါအခမ္းအနားတြင္ လူ႔အခြင့္အေရးဆိုင္ရာ အေျခခံအယူအဆမ်ား၊ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ဖြဲ႕စည္းျခင္းႏွင့္ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအေၾကာင္းကို ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ ဒုတိယဥကၠ႒ ဦးစစ္ၿမိဳင္က ရွင္းလင္းၿပီး ေကာ္မရွင္အဖြဲ႔ဝင္ ဦးခင္ေမာင္ေလးက ကမၻာ့လူ႔အခြင့္အေရး ေၾကညာစာတမ္းအေၾကာင္း ေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။
အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအာင္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးအိုက္ခမ္းလိႈင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္၊ မိုင္းေယာင္း၊ မိုင္းယုၿမိဳ႕မ်ားမွ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လူမႈေရးအဖြဲ႔အစည္းမ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဦးစစ္ၿမိဳင္ႏွင့္ အဖြဲ႕ဝင္ဦးခင္ေမာင္ေလးတို႔ ပါဝင္သည့္အဖြဲ႕သည္ တာခ်ီလိတ္ခရိုင္အတြင္း အျခားၿမိဳ႕မ်ားတြင္လည္း လူ႔အခြင့္အေရးအေၾကာင္း သိေကာင္းစရာမ်ား ရွင္းလင္းေဆြးေႏြးျခင္းမ်ားဆက္လက္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင််က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းလုပ်ဆောင်နေရာ စက်တင်ဘာလ (၁၁)ရက်နေ့က တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
မိုင်းယောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ရှင်းလင်းပြီး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ မိုင်းယောင်း၊ မိုင်းယုမြို့များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင်ဦးခင်မောင်လေးတို့ ပါဝင်သည့်အဖွဲ့သည် တာချီလိတ်ခရိုင်အတွင်း အခြားမြို့များတွင်လည်း လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းများဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
