မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွတပ္ဖြဲ႕ဝင္မ်ား၊ မူဆယ္ ခရိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အဆိုပါတိုးဂိတ္အနီး၌ ေစာင့္ဆိုင္းေနစဥ္ နံနက္ (၉)နာရီခြဲခန္႔တြင္ နမ့္အြန္ေက်းရြာဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ကားတစ္စီးအား ရပ္တန္႔ေစၿပီး စစ္ေဆးရာ ယာဥ္အလယ္ခန္းတြင္ တင္လာသည့္ ပီနံအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃) ဒႆမ (၁၆၈) သိန္း၊ ယာဥ္၏ ေနာက္ခန္းတြင္ တင္လာသည့္ ပီနံအိတ္ႏွစ္အိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား( ၆) ဒႆမ (၇၇၁၆) သိန္း စုစုေပါင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉) ဒႆမ (၉၃၉၆) သိန္း) တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
အဆိုပါ စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ ရန္ေဝဖန္းႏွင့္ ဟြမ္အားေကြးတို႔အား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၄၈/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲ ေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁ အရအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် (၁၀၅)မိုင်ကျေးရွာအထွက် Oriental High Way တိုးဂိတ်အနီး (၁၀၅)မိုင် - နမ့်ဖတ်ကာလမ်းမတွင် နမ့်အွန်ကျေးရွာဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးအား စက်တင်ဘာလ (၁၁)ရက်နေ့က စစ်ဆေးရာ စိတ်ကြွဆေးပြား (၉)သိန်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှတပ်ဖွဲ့ဝင်များ၊ မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါတိုးဂိတ်အနီး၌ စောင့်ဆိုင်းနေစဉ် နံနက် (၉)နာရီခွဲခန့်တွင် နမ့်အွန်ကျေးရွာဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးအား ရပ်တန့်စေပြီး စစ်ဆေးရာ ယာဉ်အလယ်ခန်းတွင် တင်လာသည့် ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃) ဒဿမ (၁၆၈) သိန်း၊ ယာဉ်၏ နောက်ခန်းတွင် တင်လာသည့် ပီနံအိတ်နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား( ၆) ဒဿမ (၇၇၁၆) သိန်း စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၉) ဒဿမ (၉၃၉၆) သိန်း) တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ရန်ဝေဖန်းနှင့် ဟွမ်အားကွေးတို့အား မူဆယ်မြို့မရဲစခန်းတွင် မယ(ပ) ၁၄၈/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
