“ ဌာနေပါင္းစံုပါတဲ့ ပူးေပါင္းအဖြဲ႕ေပါ့ ရဲ၊ ေထြအုပ္၊ လဝကနဲ႔ မီးသတ္ရယ္ေပါင္းၿပီး ညပိုင္းမွာ လာတဲ့ကားေတြ၊ ဆုိင္ကယ္ေတြ ပိတ္ဆို႔စစ္ေဆးတာ လုပ္ေနပါတယ္။ ခါတုိင္းေတာ့ ပံုမွန္လွည့္ကင္းနဲ႔ လုပ္ေနတာေပါ့။ ဒီေနာက္ပိုင္းေတာ့ ရခုိင္အေရးေၾကာင့္ ကိုယ့္ၿမိဳ႕လံုၿခံဳေရးကို တိုးျမႇင့္လုပ္ေနတာပါ”ဟု မိုင္းေယာင္းၿမိဳ႕နယ္ ေခတၱရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေအာင္ႏိုင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မုိင္းေယာင္းၿမိဳ႕အဝင္ မိုင္းျဖတ္ - မိုင္းေယာင္းလမ္းမွ နန္႔ခပ္တံတားတြင္ အဆိုပါ ပူးေပါင္းအဖြဲ႕က ညပိုင္းတြင္ စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ေခတၱၿမိဳ႕နယ္ရဲမွဴး ဒုတိယရဲမွဴး ေအာင္ႏိုင္ဝင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယဦးစီးမွဴး ဦးသန္႔ဇင္ထြန္းႏွင့္ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔ျဖင့္ ၿမိဳ႕အဝင္အထြက္ဂိတ္မ်ားတြင္ လွည့္လည္စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔တို႔သည္ ခရီးသည္တင္ယာဥ္ႏွင့္ ကုန္တင္ယာဥ္မ်ားအား ရပ္တန္႔စစ္ေဆးျခင္း၊ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္၍ ခိုးဝင္လာသူမ်ား မရွိေစေရးစစ္ေဆးျခင္းႏွင့္ ေဖာက္ခြဲဖ်က္ဆီးမႈမ်ား မျဖစ္ေပၚေစေရး၊ မူူးယစ္ေဆး၀ါးႏွင့္လက္နက္ခဲယမ္းမ်ားသယ္ေဆာင္မႈမရွိေစေရးအတြက္ ဦးစားေပးအဆင့္ျဖင့္ စဥ္ဆက္မျပတ္ စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #စိုင္းေယာင္းခမ္း
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်မြေလုံခြံုရေးအတွက် ပုံမှန်လှည့်ကင်း ဆောင်ရွက်ခြင်းအပြင် အဖွဲ့ပေါင်းစုံဖြင့် မြို့အဝင်အထွက်နေရာများတွင် ညပိုင်းပိတ်ဆို့စစ်ဆေးခြင်းအား စက်တင်ဘာလမှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။
“ ဌာနပေါင်းစုံပါတဲ့ ပူးပေါင်းအဖွဲ့ပေါ့ ရဲ၊ ထွေအုပ်၊ လဝကနဲ့ မီးသတ်ရယ်ပေါင်းပြီး ညပိုင်းမှာ လာတဲ့ကားတွေ၊ ဆိုင်ကယ်တွေ ပိတ်ဆို့စစ်ဆေးတာ လုပ်နေပါတယ်။ ခါတိုင်းတော့ ပုံမှန်လှည့်ကင်းနဲ့ လုပ်နေတာပေါ့။ ဒီနောက်ပိုင်းတော့ ရခိုင်အရေးကြောင့် ကိုယ့်မြို့လုံခြံုရေးကို တိုးမြှင့်လုပ်နေတာပါ”ဟု မိုင်းယောင်းမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းယောင်းမြို့အဝင် မိုင်းဖြတ် - မိုင်းယောင်းလမ်းမှ နန့်ခပ်တံတားတွင် အဆိုပါ ပူးပေါင်းအဖွဲ့က ညပိုင်းတွင် စစ်ဆေးမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ခေတ္တမြို့နယ်ရဲမှူး ဒုတိယရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့အဝင်အထွက်ဂိတ်များတွင် လှည့်လည်စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်၍ ခိုးဝင်လာသူများ မရှိစေရေးစစ်ဆေးခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများ မဖြစ်ပေါ်စေရေး၊ မူူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများသယ်ဆောင်မှုမရှိစေရေးအတွက် ဦးစားပေးအဆင့်ဖြင့် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #စိုင်းယောင်းခမ်း
