႐ွမ္းျပည္နယ္ (ေတာင္ပုိင္း) ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးေဖာင္ေတာ္ဦး ဘုရားေဒသစာရီၾကြခ်ီ အပူေဇာ္ခံျခင္းကို စက္တင္ဘာလ (၂၁)ရက္ေန႔မွစတင္ကာ ေအာက္တုိဘာလ (၈) ရက္ေန႔အထိ (၁၈)ရက္ၾကာ (၂၁)ေနရာသို႔ ပင့္ေဆာင္အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။
အင္းေလးေဖာင္ေတာ္ဦးဘုရားေဒသစာရီႂကြခ်ီ အပူေဇာ္ခံျခင္းကို အင္းတိန္ေၾကးေပါခုန္ေက်ာင္း၊ အင္းတိန္စံေက်ာင္း၊ ဟဲယာရြာမေက်ာင္း၊ ငါးဖယ္ေခ်ာင္းေက်ာင္း၊ ေၾကးစားေက်ာင္း၊ ပြဲစားကုန္းေက်ာင္း၊ လင္းကင္းေက်ာင္း၊ ေညာင္ေရႊၿမိဳ႕ေက်ာင္း၊ နန္းသဲေက်ာင္း၊ မုိင္းေသာက္ေက်ာင္း၊ သလဲဦးေက်ာင္း၊ ေကလာေက်ာင္း၊ ဇရပ္ႀကီးေက်ာင္း၊ ဘုရားေပါက္ေက်ာင္း၊ နမ့္ပန္ေက်ာင္း၊ မန္က်ည္းဆိပ္ေက်ာင္း၊ က်ိဳင္းခန္းေက်ာင္း၊ မိုင္းပ်ိဳးေက်ာင္း၊ ေနာင္ေတာေက်ာင္း၊ အင္းေပါခံုေက်ာင္းႏွင့္ ေရသာေက်ာင္းတို႔တြင္ လွည့္လည္ၾကြခ်ီမည္ျဖစ္ေၾကာင္း သိရသည္။
အင္းေလးေဖာင္ေတာ္ဦးေက်ာင္းေတာ္ႀကီးတြင္ စက္တင္ဘာလ (၂၁)ရက္ေန႔ နံနက္ (၄)နာရီ၌ အခမ္းအနားျဖင့္စတင္ဖြင့္လွစ္၍ နံနက္ (၇) နာရီတြင္ ေက်ာင္းေတာ္ႀကီးမွ အင္းတိန္ေၾကးေပါခုန္ေက်ာင္း၊ စက္တင္ဘာလ (၂၂)ရက္ေန႔ နံနက္ (၈)နာရီတြင္ ေၾကးေပါခုံေက်ာင္းမွတစ္ဆင့္ ေန႔ဆြမ္းကပ္မည့္ အင္းတိန္စံေက်ာင္းႏွင့္ မြန္းလြဲ (၂) နာရီခြဲတြင္ အင္းတိန္စံေက်ာင္းမွ ဟဲယာရြာမေက်ာင္းမ်ားသို႔ ေဖာင္ေတာ္ဦးဘုရားေဒသစာရီၾကြခ်ီ အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ဟဲယာရြာမေက်ာင္းမွ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္(၇)နာရီတြင္ ငါးဖယ္ေခ်ာင္းေက်ာင္း၊ စက္တင္ဘာလ (၂၅)ရက္ေန႔ နံနက္ (၇)နာရီတြင္ ငါးဖယ္ေခ်ာင္းေက်ာင္းမွ ေၾကးစားေက်ာင္း၊ စက္တင္ဘာလ (၂၆)ရက္ေန႔ နံနက္ (၇) နာရီတြင္ ေၾကးစားေက်ာင္းမွ ပြဲစားကုန္းေက်ာင္းတြင္ ေန႔ဆြမ္းကပ္၍ မြန္းလြဲ (၁) နာရီတြင္ လင္းကင္းေက်ာင္းသုိ႔ ႂကြေရာက္ ညက်ိမ္းမည္ျဖစ္ေၾကာင္း သိရသည္။
လင္းကင္းေက်ာင္း မွ ေညာင္ေရႊၿမိဳ႕ေက်ာင္းသုိ႔ စက္တင္ဘာလ (၂၇)ရက္ေန႔ နံနက္ (၇) နာရီတြင္ ေဒသစာရီၾကြခ်ီၿပီး စက္တင္ဘာလ (၃၀)ရက္ေန႔ နံနက္ (၇) နာရီတြင္ ေညာင္ေရႊၿမိဳ႕ေက်ာင္းမွ နန္းသဲေက်ာင္းတြင္ ႂကြေရာက္ ေန႔ဆြမ္း ကပ္မည္ျဖစ္ကာ မြန္းလြဲ (၁) နာရီတြင္ မုိင္းေသာက္ေက်ာင္းသုိ႔ ႂကြေရာက္ ညက်ိမ္းမည္ျဖစ္ေၾကာင္း သိရသည္။
မုိင္းေသာက္ေက်ာင္းမွ သလဲဦးေက်ာင္းသုိ႔ ေအာက္တိုဘာလ (၁)ရက္ေန႔ နံနက္ (၇)နာရီတြင္ ၾကြခ်ီကာ ေအာက္တိုဘာလ (၂)ရက္ေန႔ နံနက္ (၇) နာရီတြင္ သလဲဦးေက်ာင္းမွ ေကလာေက်ာင္းသို႔ ႂကြေရာက္ ေန႔ဆြမ္းကပ္ျခင္း မြန္းလြဲ (၂)နာရီခြဲတြင္ ေကလာေက်ာင္းမွ ဇရပ္ႀကီးေက်ာင္းသုိ႔ ႂကြေရာက္ ညက်ိမ္းမည္ျဖစ္ေၾကာင္း သိရသည္။
ဇရပ္ႀကီးေက်ာင္းမွ ေအာက္တိုဘာလ (၃)ရက္ေန႔ နံနက္ (၇)နာရီတြင္ ဘုရားေပါက္ေက်ာင္းသုိ႔ ႂကြေရာက္ ေန႔ဆြမ္းကပ္မည္ျဖစ္ကာ မြန္းလြဲ (၂)နာရီခြဲတြင္ ဘုရားေပါက္ေက်ာင္းမွ နမ့္ပန္ေက်ာင္း၊ ေအာက္တိုဘာလ (၄)ရက္ေန႔ နံနက္ (၇) နာရီတြင္ နမ့္ပန္ေက်ာင္းမွ မန္က်ည္းဆိပ္ေက်ာင္းသုိ႔ ႂကြေရာက္ေန႔ဆြမ္းကပ္ကာ မြန္းလြဲ (၂)နာရီခြဲတြင္ က်ဳိင္းခမ္းေက်ာင္းသုိ႔ ႂကြေရာက္ ညက်ိမ္းမည္ျဖစ္ေၾကာင္း သိရသည္။
က်ဳိင္းခမ္းေက်ာင္းမွ ေအာက္တိုဘာလ (၅)ရက္ေန႔ နံနက္(၇)နာရီတြင္ မုိင္းပ်ဳိးေက်ာင္းသုိ႔၊ ေအာက္တိုဘာလ (၆) ရက္ေန႔ နံနက္ (၇)နာရီတြင္ မုိင္းပ်ဳိးေက်ာင္းမွ ေနာင္ေတာေက်ာင္းသုိ႔၊ ေအာက္တိုဘာလ (၇)ရက္ေန႔ နံနက္ (၇)နာရီတြင္ ေနာင္ေတာေက်ာင္းမွ အင္းေပါခုန္ေက်ာင္းသုိ႔ ႂကြေရာက္ ေန႔ဆြမ္းကပ္ၿပီး မြန္းလြဲ (၂)နာရီခြဲတြင္ ေရသာေက်ာင္းသုိ႔ ႂကြေရာက္ ညက်ိမ္းမည္ျဖစ္ေၾကာင္း သိရသည္။
ေဒသစာရီလွည့္လည္ၾကြခ်ီျခင္းအား ေအာက္တိုဘာလ (၈)ရက္ေန႔ နံနက္ (၈)နာရီတြင္ ေရသာေက်ာင္းမွ ေဖာင္ေတာ္ဦးေက်ာင္းေတာ္ (ေက်ာင္းေတာ္ဝင္)သုိ႔ ျပန္လည္ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှမြေို့နယ် အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီကြွချီ အပူဇော်ခံခြင်းကို စက်တင်ဘာလ (၂၁)ရက်နေ့မှစတင်ကာ အောက်တိုဘာလ (၈) ရက်နေ့အထိ (၁၈)ရက်ကြာ (၂၁)နေရာသို့ ပင့်ဆောင်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီ အပူဇော်ခံခြင်းကို အင်းတိန်ကြေးပေါခုန်ကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ ညောင်ရွှမြေို့ကျောင်း၊ နန်းသဲကျောင်း၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ ဘုရားပေါက်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခန်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်းနှင့် ရေသာကျောင်းတို့တွင် လှည့်လည်ကြွချီမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးကျောင်းတော်ကြီးတွင် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် (၄)နာရီ၌ အခမ်းအနားဖြင့်စတင်ဖွင့်လှစ်၍ နံနက် (၇) နာရီတွင် ကျောင်းတော်ကြီးမှ အင်းတိန်ကြေးပေါခုန်ကျောင်း၊ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက် (၈)နာရီတွင် ကြေးပေါခုံကျောင်းမှတစ်ဆင့် နေ့ဆွမ်းကပ်မည့် အင်းတိန်စံကျောင်းနှင့် မွန်းလွဲ (၂) နာရီခွဲတွင် အင်းတိန်စံကျောင်းမှ ဟဲယာရွာမကျောင်းများသို့ ဖောင်တော်ဦးဘုရားဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဟဲယာရွာမကျောင်းမှ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်(၇)နာရီတွင် ငါးဖယ်ချောင်းကျောင်း၊ စက်တင်ဘာလ (၂၅)ရက်နေ့ နံနက် (၇)နာရီတွင် ငါးဖယ်ချောင်းကျောင်းမှ ကြေးစားကျောင်း၊ စက်တင်ဘာလ (၂၆)ရက်နေ့ နံနက် (၇) နာရီတွင် ကြေးစားကျောင်းမှ ပွဲစားကုန်းကျောင်းတွင် နေ့ဆွမ်းကပ်၍ မွန်းလွဲ (၁) နာရီတွင် လင်းကင်းကျောင်းသို့ ကြွရောက် ညကျိမ်းမည်ဖြစ်ကြောင်း သိရသည်။
လင်းကင်းကျောင်း မှ ညောင်ရွှမြေို့ကျောင်းသို့ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၇) နာရီတွင် ဒေသစာရီကြွချီပြီး စက်တင်ဘာလ (၃၀)ရက်နေ့ နံနက် (၇) နာရီတွင် ညောင်ရွှမြေို့ကျောင်းမှ နန်းသဲကျောင်းတွင် ကြွရောက် နေ့ဆွမ်း ကပ်မည်ဖြစ်ကာ မွန်းလွဲ (၁) နာရီတွင် မိုင်းသောက်ကျောင်းသို့ ကြွရောက် ညကျိမ်းမည်ဖြစ်ကြောင်း သိရသည်။
မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်းသို့ အောက်တိုဘာလ (၁)ရက်နေ့ နံနက် (၇)နာရီတွင် ကြွချီကာ အောက်တိုဘာလ (၂)ရက်နေ့ နံနက် (၇) နာရီတွင် သလဲဦးကျောင်းမှ ကေလာကျောင်းသို့ ကြွရောက် နေ့ဆွမ်းကပ်ခြင်း မွန်းလွဲ (၂)နာရီခွဲတွင် ကေလာကျောင်းမှ ဇရပ်ကြီးကျောင်းသို့ ကြွရောက် ညကျိမ်းမည်ဖြစ်ကြောင်း သိရသည်။
ဇရပ်ကြီးကျောင်းမှ အောက်တိုဘာလ (၃)ရက်နေ့ နံနက် (၇)နာရီတွင် ဘုရားပေါက်ကျောင်းသို့ ကြွရောက် နေ့ဆွမ်းကပ်မည်ဖြစ်ကာ မွန်းလွဲ (၂)နာရီခွဲတွင် ဘုရားပေါက်ကျောင်းမှ နမ့်ပန်ကျောင်း၊ အောက်တိုဘာလ (၄)ရက်နေ့ နံနက် (၇) နာရီတွင် နမ့်ပန်ကျောင်းမှ မန်ကျည်းဆိပ်ကျောင်းသို့ ကြွရောက်နေ့ဆွမ်းကပ်ကာ မွန်းလွဲ (၂)နာရီခွဲတွင် ကျိုင်းခမ်းကျောင်းသို့ ကြွရောက် ညကျိမ်းမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းခမ်းကျောင်းမှ အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၇)နာရီတွင် မိုင်းပျိုးကျောင်းသို့၊ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၇)နာရီတွင် မိုင်းပျိုးကျောင်းမှ နောင်တောကျောင်းသို့၊ အောက်တိုဘာလ (၇)ရက်နေ့ နံနက် (၇)နာရီတွင် နောင်တောကျောင်းမှ အင်းပေါခုန်ကျောင်းသို့ ကြွရောက် နေ့ဆွမ်းကပ်ပြီး မွန်းလွဲ (၂)နာရီခွဲတွင် ရေသာကျောင်းသို့ ကြွရောက် ညကျိမ်းမည်ဖြစ်ကြောင်း သိရသည်။
ဒေသစာရီလှည့်လည်ကြွချီခြင်းအား အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၈)နာရီတွင် ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော် (ကျောင်းတော်ဝင်)သို့ ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
