မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာရိွ ေတာင္သူဦးက်ေလာ၏ လယ္ေျမတြင္စိုက္ပ်ိဳးထားသည့္ စံျပစိုက္ကြက္တြင္ ေလ့လာသည့္ ေဒသခံေတာင္သူမ်ားအား စပါးအစြမ္းရိွစိုက္စနစ္၊ မ်ိဳးသန္႔ပြားစံျပကြက္၊ တုိက္ရိုက္မ်ိဳးေစ့ခ် စံျပကြက္၊ စိုက္နည္းစနစ္စမ္းသပ္ကြက္မ်ားႏွင့္ ပတ္သက္၍ စိုက္ပ်ိဳးနည္းစနစ္မ်ား၊ အပင္ျပဳစုထိန္းသိမ္းနည္းစနစ္မ်ား၊ ပိုးမႊားေရာဂါကာကြယ္ႏွိမ္နင္းနည္းမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က ရွင္းလင္းေျပာၾကားေၾကာင္း သိရသည္။
အဆိုပါ ေတာင္သူေလ့လာေရးခရီးသို႔ ေဒသခံေတာင္သူမ်ားႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၊ မုိင္းကိုးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႕ဝင္မ်ားႏွင့္ သက္ဆုိင္ရာဌာနမွ ဝန္ထမ္းမ်ား စုစုေပါင္း (၉၇)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။
***************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ လုပ်သားရှားပါးခြင်းအား ဖြေရှင်းနိုင်ရန်နှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဌာန၏ စံပြစိုက်ကွက်အား စက်တင်ဘာလ (၁၇)ရက်နေ့တွင် လေ့လာရေးပို့ဆောင်ကြောင်း သိရသည်။
မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ တောင်သူဦးကျလော၏ လယ်မြေတွင်စိုက်ပျိုးထားသည့် စံပြစိုက်ကွက်တွင် လေ့လာသည့် ဒေသခံတောင်သူများအား စပါးအစွမ်းရှိစိုက်စနစ်၊ မျိုးသန့်ပွားစံပြကွက်၊ တိုက်ရိုက်မျိုးစေ့ချ စံပြကွက်၊ စိုက်နည်းစနစ်စမ်းသပ်ကွက်များနှင့် ပတ်သက်၍ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုထိန်းသိမ်းနည်းစနစ်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများအား တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က ရှင်းလင်းပြောကြားကြောင်း သိရသည်။
အဆိုပါ တောင်သူလေ့လာရေးခရီးသို့ ဒေသခံတောင်သူများနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၉၇)ဦး တက်ရောက်ကြကြောင်း သိရသည်။
