၈၆၄ ကြိမ်မြောက် ဓမ္မစကူးလ် မူလတန်းအဆင့် ဆရာဖြစ်သင်တန်း တာလေမြို့ မိုင်းလင်းဓမ္မစကူးလ် ကျောင်းတော်တွင် ဖွင့်လှစ်မည်
၈၆၄ ကြိမ်မြောက် ဓမ္မစကူးလ် မူလတန်းအဆင့် ဆရာဖြစ်သင်တန်း တာလေမြို့ မိုင်းလင်းဓမ္မစကူးလ် ကျောင်းတော်တွင် ဖွင့်လှစ်မည်
စက်တင်ဘာ 18, 2017
By Tachileik News Agency
(၈၆၄)ကြိမ်မြောက် ဓမ္မစကူးလ်မူလတန်းအဆင့် ဆရာဖြစ်သင်တန်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို ၊့ မိုင်းလင်း(အနောက်) ထပ်ဟိုနမ့်ကမ္မဌာနစရိယကျောင်းတိုက် ၊ မိုင်းလင်းဓမ္မစကူးလ်ကျောင်းတော်တွင် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက် (၉)နာရီခွဲ၌ ဖွင့်ပွဲ အခမ်းအနားဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
(၈၆၄)ကြိမ်မြောက် ဓမ္မစကူးလ်မူလတန်းအဆင့် ဆရာဖြစ်သင်တန်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို၊့ မိုင်းလင်း(အနောက်) ထပ်ဟိုနမ့်ကမ္မဌာနစရိယကျောင်းတိုက်၊ မိုင်းလင်းဓမ္မစကူးလ်ကျောင်းတော်တွင် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက် (၉)နာရီခွဲ၌ ဖွင့်ပွဲ အခမ်းအနားဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ထပ်ဟိုနမ့်ကမ္မဌာနစရိယကျောင်းတိုက် နာယက ဩဝါဒ ဆရာတော် သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလ မိုင်းလင်း ဆရာတော်ဘုရားကြီးက ဦးစီးကြီးမှူး ကျင်းပခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၄၀)ဦးရှိနေကာ လေ့လာသူများအဖြစ် ထပ်မံတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“သင်တန်းသား သတ်မှတ် ဦးရပြေည့်သွားတာကြောင့် လေ့လာသူများလည်း တက်ရောက် ခွင့်ပြုထားပါတယ်။ နေရေးထိုင်ရေး စားသောက်ရေး အားလုံးတာဝန်ယူပေးပါတယ်။ သင်တန်းလာတက်ကြတာကတော့ တာလေအပြင် တာချီလိတ်၊ ကျိုင်းတုံ၊ ကျိုင်းလပ်ကရော လာကြမှာပါ”ဟု ဓမ္မစကူးလ်သင်တန်းတာဝန်ခံ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းသားများအား စက်တင်ဘာလ (၂၉)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~