ကေလာၿမိဳ႕နယ္တြင္းမွ ပညာဆက္လက္မသင္ႏုိင္သည့္ကေလးမ်ားအား ေဒသတြင္းအရပ္ဖက္ အဖြဲ႕အစည္းတစ္ခုက ကူညီမည္

ကေလာၿမိဳ႕နယ္တြင္းမွ ပညာဆက္လက္မသင္ႏုိင္သည့္ကေလးမ်ားအား ေဒသတြင္းအရပ္ဖက္ အဖြဲ႕အစည္းတစ္ခုက ကူညီမည္
စက်တင်ဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္အတြင္းမွ ပညာေရးဆက္လက္မသင္ၾကားႏုိင္သည့္ကေလးမ်ား ပညာဆက္လက္သင္ၾကားေရးအကူအညီေပးရန္ ေတာင္ရိုးလူငယ္အေထာက္အကူျပဳအဖြဲ႔က ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ေဒသမွာဆိုရင္ ေလးတန္းနဲ႔ ေက်ာင္းၿပီးၿပီလို႔ ယူဆတဲ့မိသားစုေတြရိွတယ္။ အတန္းဆက္တတ္ဖို႔ကို မထားနိုင္တဲ့ကေလးေတြကို ေက်ာင္းဆက္ထားနိုင္ဖို႕ ကူညီေဆာင္ရြက္ေပးသြားမယ္။ ဒီလုပ္ငန္းေတြကို အေကာင္အထည္ေဖာ္နိုင္ဖို႕ ဒီဇင္ဘာလကေန စတင္အေကာင္အထည္ေဖာ္သြားမွာပါ။ ေက်ာင္းဆက္ မတက္ေတာ့တဲ့ ကေလးေတြကိုလည္း ျပန္ေခၚၿပီး ပညာေရးဆက္သင္ခိုင္းမယ္။ တကယ့္ကို အခက္အခဲျဖစ္ေနတဲ႕ ကေလးငယ္ေတြအတြက္ ကၽြန္ေတာ္တုိ႔အဖြဲ႕ကေန ကူညီေဆာင္ရြက္ေပးသြားမွာပါ”ဟု ေတာင္ရိုးလူငယ္ အေထာက္အကူျပဳအဖြဲ႕မွ ကိုေအာင္ဆန္းက တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဖြဲ႕အေနျဖင့္ ေဒသတြင္းမွ ပညာဆက္လက္သင္ၾကားျခင္းမရိွသည့္ ကေလးငယ္မ်ား၊ မိဘမဲ့ႏွင့္ ဆင္းရဲႏြမ္းပါးကေလးငယ္မ်ား ေက်ာင္းပညာဆက္လက္သင္ယူေရးအတြက္ အျခားလူမႈေရးအဖြဲ႕မ်ားျဖင့္ ခ်ိတ္ဆက္ကူညီေပးသြားရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ရိုးလူငယ္အေထာက္အကူျပဳအဖြဲ႕အား ၂၀၀၉ ခုႏွစ္တြင္ စတင္တည္ေထာင္ကာ လက္ရိွတြင္ အဖြဲ႕ဝင္ေပါင္း (၁၀၀၀)ေက်ာ္ျဖင့္ ေဒသတြင္း လူမႈဖြံ႕ၿဖိဳးေရးလိုအပ္ခ်က္မ်ားအား ကူညီေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောမြို့နယ်တွင်းမှ ပညာဆက်လက်မသင်နိုင်သည့်ကလေးများအား ဒေသတွင်းအရပ်ဖက် အဖွဲ့အစည်းတစ်ခုက ကူညီမည်
*********
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်းမှ ပညာရေးဆက်လက်မသင်ကြားနိုင်သည့်ကလေးများ ပညာဆက်လက်သင်ကြားရေးအကူအညီပေးရန် တောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာဆိုရင် လေးတန်းနဲ့ ကျောင်းပြီးပြီလို့ ယူဆတဲ့မိသားစုတွေရှိတယ်။ အတန်းဆက်တတ်ဖို့ကို မထားနိုင်တဲ့ကလေးတွေကို ကျောင်းဆက်ထားနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဒီဇင်ဘာလကနေ စတင်အကောင်အထည်ဖော်သွားမှာပါ။ ကျောင်းဆက် မတက်တော့တဲ့ ကလေးတွေကိုလည်း ပြန်ခေါ်ပြီး ပညာရေးဆက်သင်ခိုင်းမယ်။ တကယ့်ကို အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေအတွက် ကျွန်တော်တို့အဖွဲ့ကနေ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့မှ ကိုအောင်ဆန်းက တာချီိလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဖွဲ့အနေဖြင့် ဒေသတွင်းမှ ပညာဆက်လက်သင်ကြားခြင်းမရှိသည့် ကလေးငယ်များ၊ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးကလေးငယ်များ ကျောင်းပညာဆက်လက်သင်ယူရေးအတွက် အခြားလူမှုရေးအဖွဲ့များဖြင့် ချိတ်ဆက်ကူညီပေးသွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့အား ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ကာ လက်ရှိတွင် အဖွဲ့ဝင်ပေါင်း (၁၀၀၀)ကျော်ဖြင့် ဒေသတွင်း လူမှုဖွံ့ဖြိုးရေးလိုအပ်ချက်များအား ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~