
စကျတငျဘာ 19, 2017
By 🌸
အများပြည်သူသို့အစုရှယ်ယာရောင်းချခွင့် ရှိသော ကုမ္ပဏီ(၄)ခု ထပ်တိုးခွင့်ပြုလိုက်သဖြင့် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိ ကုမ္ပဏီ (၅၉)ခုရှိလာပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန်သည်။


၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနက် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ပြုထားသည့် ကုမ္ပဏီ (၅၅)ခုစာရင်းကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ (၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ထပ်တိုးသည့် ကုမ္ပဏီများစာရင်းကို စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထပ်မံကြေညာခြင်းဖြစ်သည်။

ကုမ္ပဏီအချို့သည် မက်လုံးအမျိုးမျိုးဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်းကို အွန်လိုင်းအပါအဝင် နည်းမျိုးစုံမှ ပြုလုပ်နေသည်ကိုတွေ့ရသဖြင့် ဥပဒနှင့် အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ (၅၉)ခုမှလွဲ၍ ကျန်ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အစုရှယ်ယာဝယ်ယူလိုသူများအား အသိပေးထားခြင်းဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိသည့် ကုမ္ပဏီ (၄) ခုထပ်တိုးလာ
*********
အများပြည်သူသို့အစုရှယ်ယာရောင်းချခွင့် ရှိသော ကုမ္ပဏီ(၄)ခု ထပ်တိုးခွင့်ပြုလိုက်သဖြင့် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိ ကုမ္ပဏီ (၅၉)ခုရှိလာပြီဖြစ်ကြောင်း ရင်းနှီးမြှုပ််နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန်သည်။

ထပ်တိုးလာသည့် ကုမ္ပဏီ(၄)ခုမှာ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်၊ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ လီမိတက်၊ ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် မြိတ်အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနက် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ပြုထားသည့် ကုမ္ပဏီ (၅၅)ခုစာရင်းကို ရင်းနှီးမြှုပ််နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ (၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ထပ်တိုးသည့် ကုမ္ပဏီများစာရင်းကို စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထပ်မံကြေညာခြင်းဖြစ်သည်။

ကုမ္ပဏီအချို့သည် မက်လုံးအမျိုးမျိုးဖြင့် ငွေကြေးရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်းကို အွန်လိုင်းအပါအဝင် နည်းမျိုးစုံမှ ပြုလုပ်နေသည်ကိုတွေ့ရသဖြင့် ဥပဒနှင့် အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ (၅၉)ခုမှလွဲ၍ ကျန်ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အစုရှယ်ယာဝယ်ယူလိုသူများအား အသိပေးထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~