မူးယစ္တပ္ဖြဲ႕စု (၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာလ (၁၈) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲခန္႔တြင္ ေမာကိႏၷရီဘိလပ္ေျမစက္႐ုံအနီး တန္႔ယန္း-လားရိႈးကားလမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူ တစ္ဦးအား စစ္ေဆးရာ ဘိန္းစိမ္း(၁၃)ကီလိုကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
ဘိန္းစိမ္းသယ္ေဆာင္လာသည့္ စိုင္းဆန္စိုင္း (ခ)အိုက္စိုင္းအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္တြင္း မူးယစ္ေဆး၀ါးျပႆနာမ်ားေျဖရွင္းေရးအတြက္ ရွမ္းရိုးမစစ္ဆင္ေရးအမည္ျဖင့္ ၾသဂုတ္လမွစ၍ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးစီမံခ်က္ကို စတင္ေဆာင္ရြက္ေနျခင္းျဖစ္သည္။
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မောကိန္နရီဘိလပ်မြေစက်ရုံအနီး တန့်ယန်း-လားရှိုးကားလမ်းတွင် စစ်ဆေးနေစဉ် ဘိန်းစိမ်း (၁၃)ကီလို ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူအား စက်တင်ဘာလ (၁၈)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်တွင် မောကိန္နရီဘိလပ်မြေစက်ရုံအနီး တန့်ယန်း-လားရှိုးကားလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးအား စစ်ဆေးရာ ဘိန်းစိမ်း(၁၃)ကီလိုကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ဘိန်းစိမ်းသယ်ဆောင်လာသည့် စိုင်းဆန်စိုင်း (ခ)အိုက်စိုင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းရေးအတွက် ရှမ်းရိုးမစစ်ဆင်ရေးအမည်ဖြင့် သြဂုတ်လမှစ၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်ကို စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
