အာဆီယံ ဖွဲ့စည်းတည်ထောင်မှု နှစ်(၅၀)ပြည့် ( ASEAN 50th Anniversary )အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲဝင် နိုင်ငံတကာမှ ကားများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တစ်ဆင့် တာချီလိတ်သို့ လာရောက်မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်မှ ၀မ်ကျောက်လုံ၊ ဧဒင်ရွာအထိ ဆိုးရွားနေသည့် လမ်းများအား ပြုပြင်မှုအဖြစ် စက်တင်ဘာလ(၁၉)ရက်နေ့က ဆောင်ရွက်နေပြီး စက်တင်ဘာလ(၂၂)ရက်နေ့ အပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"မနေ့(စက်တင်ဘာ၁၉)က စလုပ်နေပြီး ဒီလ (၂၃)ရက်နေ့ မတိုင်မီအထိ အပြီး လုပ်သွားမှာပါ"ဟု ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"မနေ့(စက်တင်ဘာ၁၉)က စလုပ်နပြေီး ဒီလ (၂၃)ရက်နေ့ မတိုင်မီအထိ အပြီး လုပ်သွားမှာပါ"ဟု ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လမ်းအား ပြုပြင်ရန်အတွက် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးဇော်မိုးလွင်၊ ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသိန်း နှင့် ရုံးအဖွဲ့ဝင်များ၊ သော်တာဝင်းကုမ္ပဏီမှ မန်နေဂျာ ဦးစိုင်းကမ်၊ ဦးသိန်းကြွယ်တို့ ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်ပြီး ယင်းရက်ပိုင်းက မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စက်တင်ဘာလ (၁၉)ရက်နေ့မှသာ စတင်လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အာဆီယံ ဖွဲ့စည်းတည်ထောင်မှု နှစ်(၅၀)ပြည့် ( ASEAN 50th Anniversary )အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲဝင် နိုင်ငံတကာမှ ကားများသည် ကျိုင်းတုံမှ တစ်ဆင့် တာချီလိတ်သို့ ဝင်ရောက်ကာ ချစ်ကြည်ရေးတံတား(၂)မှ တစ်ဆင့် ထွက်ခွာမည်ဖြစ်ရာ ယာဉ်များ ဝင်ရောက်စဉ် လမ်းများ အဆင်ပြေချောမွေ့စေရန်အတွက် တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံမှ ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်အထိ ဆိုးရွားနေသည့် လမ်းများအား စက်တင်ဘာလ(၂၂)ရက်နေ့အထိ အပြီး ပြုပြင်မွမ်းမံသွားရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
