မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် စက်တင်ဘာလ (၂၀)ရက်နေ့က ဆိုင်ကယ်ဖြင့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ သယ်လာသူများအား ဖမ်းဆီးရမိကြောင်း သိရသည်။
ပူးပေါင်းတပ်ဖွဲ့သည် ယင်းနေ့ နေ့လယ် (၁)နာရီခန့်တွင် စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဆိုင်ကယ်တစ်စီးမှ အမျိုးသားနှစ်ဦးအား စစ်ဆေးရာ ပီနံအိတ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူ ( ဝ ဒသမ ဝ၅၂ )ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား (၄၁၇၀) ပြားတို့အား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အိုက်ဦးနှင့် အောင်မြတ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
