ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္ဝင္းဦးအား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္အျဖစ္ တာဝန္ ဝတၱရားမ်ား စတင္ေဆာင္ရြက္သည့္ေန႔မွစ၍ အစမ္းခန္႔ထားလုိက္ေၾကာင္း စက္တင္ဘာလ (၂၁)ရက္ေန႔တြင္ ျမန္မာႏိုင္ငံျပန္တမ္း ထုတ္ျပန္လုိက္သည္။
ဒုတိယ ရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္၀င္းဦးအား လစ္လပ္ေနေသာ ရဲခ်ဳပ္ေနရာတြင္ ယာယီရဲခ်ဳပ္အျဖစ္ ၂၀၁၇ ခုႏွစ္ ေမ ၁ ရက္ေန႔မွ စတင္၍ တာဝန္ထမ္းေဆာင္ရန္ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက တာဝန္ေပးခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံ၀န္ထမ္းစည္းမ်ဥ္းအရ ယာယီရဲခ်ဳပ္အျဖစ္ တစ္ႏွစ္တာ၀န္ယူရမည္ျဖစ္ၿပီးမွ ႏိုင္ငံေတာ္သမၼတက ရဲခ်ဳပ္အျဖစ္ အတည္ျပဳခန္႔အပ္ရမည္ျဖစ္ေၾကာင္း သိရသည္။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် တာဝန် ဝတ္တရားများ စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်ကြောင်း စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံပြန်တမ်း ထုတ်ပြန်လိုက်သည်။
ဒုတိယ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအား လစ်လပ်နေသော ရဲချုပ်နေရာတွင် ယာယီရဲချုပ်အဖြစ် ၂၀၁၇ ခုနှစ် မေ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ်အဖြစ် တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီးမှ နိုင်ငံတော်သမ္မတက ရဲချုပ်အဖြစ် အတည်ပြုခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။
