ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မဈေးမီးပွိုင့်တွင် စက်တင်ဘာလ (၂၁)ရက်နေ့ ည(၉)နာရီခန့်တွင် REVO အမျိုးအစားကားတစ်စီး အရှိန်လွန်ပြီး တပ်မတော်မော်တော်ယာဉ်တစ်စီးအား တိုက်မိပြီး ထွက်ပြေးသည့် ကားမှာ စက်ရပ်သွား၍ ယာဉ်မောင်းကို ဖမ်းဆီးရမိသွားကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အခင်းဖြစ်နေရာအား စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ - Stanley Win
"အိမ်စီးကားက မီးပွိုင့်နားမှာ တပ်ကကားကို တိုက်မိပြီးတော့ အရှိန်လွန်ပြီး လမ်းဘေးက အိမ်ကိုပါ ဝင်တိုက်သွားတယ်။ ပြီးတော့ အဲဒီကားသမားက သူ့ကားကို နောက်ပြန်ဆုတ်ပြီး မောင်းပြေးတာ စွန်မွန်းကုန်းတက်ရောက်တော့ သူ့ကားက ထိုးရပ်သွားတာ ယာဉ်မောင်းကို မိတယ်။ နောက်တော့ ယာဉ်ထိန်းရဲတွေလည်း ရောက်လာတယ်"ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်ကျော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အခင်းဖြစ်နေရာအား စစ်ဆေးမှုများ လုပ်ဆောင်နပြေီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ - Stanley Win
