ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၊ တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ (၂၁)ရက်နေ့က စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ ကျောင်းသား/ ကျောင်းသူ (၃၀၀) တက်ရောက်လေ့လာကြကြောင်း သိရသည်။
စိုက်ပျိုးရေးဆိုင်ရာ ပညာဗဟုသုတများကို မိမိတို့ ပတ်ဝန်းကျင်ရှိ တောင်သူများအား ထပ်ဆင့်ဖြန့်ဝေ ပေးနိုင်ရန် ကျောင်းသူ၊ ကျောင်းသားများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှဝင်း၊ တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလွှမ်းမိုးသူတို့က စိုက်ပျိုးရေးအသိပညာဗဟုသုတများ ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတမေးမြန်းမှု ပြုလုပ်ကာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အခြေခံ လိုအပ်ချက်များ၊ ဆန်စပါး အခြေပြု တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် အသုံးပြုပုံနည်း စနစ်များ နှိုင်းယှဉ်ပြသခြင်း ၊ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်များ ၊ ပိုးသတ်ဆေး အန္တရာယ် နှင့် ပိုးသတ်ဆေးအား အန္တရာယ်ကင်းစွာကိုင်တွယ် အသုံးပြုနည်းများ ၊ စိုက်ပျိုးရေး ထုတ်ကုန် နှင့် ကျန်းမာရေး ဆက်နွယ်မှုများ၊ သဘာဝမြေသြဇာပြုလုပ် သုံးစွဲနည်းများအား ရှင်းလင်း ဟောပြောပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စိုက်ပျိုးရေး ပညာပေး နံရံကပ် စာစောင်များကို ခင်းကျင်းပြသပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဆိုင်ရာ ပညာဗဟုသုတများကို မိမိတို့ ပတ်ဝန်းကျင်ရှိ တောင်သူများအား ထပ်ဆင့်ဖြနေ့်ဝ ပေးနိုင်ရန် ကျောင်းသူ၊ ကျောင်းသားများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှဝင်း၊ တာလမြေို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလွှမ်းမိုးသူတို့က စိုက်ပျိုးရေးအသိပညာဗဟုသုတများ ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတမေးမြန်းမှု ပြုလုပ်ကာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အခြေခံ လိုအပ်ချက်များ၊ ဆန်စပါး အခြပြေု တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် အသုံးပြုပုံနည်း စနစ်များ နှိုင်းယှဉ်ပြသခြင်း၊ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေး အန္တရာယ် နှင့် ပိုးသတ်ဆေးအား အန္တရာယ်ကင်းစွာကိုင်တွယ် အသုံးပြုနည်းများ၊ စိုက်ပျိုးရေး ထုတ်ကုန် နှင့် ကျန်းမာရေး ဆက်နွယ်မှုများ၊ သဘာဝမြသြေဇာပြုလုပ် သုံးစွဲနည်းများအား ရှင်းလင်း ဟောပြောပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝခြေင်းနှင့် စိုက်ပျိုးရေး ပညာပေး နံရံကပ် စာစောင်များကို ခင်းကျင်းပြသပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။
