တာခ်ီလိတ္ အပါအဝင္ ျမန္မာ - ထိုင္းနယ္စပ္ရွိ ၿမိဳ႕သံုးၿမိဳ႕တြင္ ႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးမ်ားအား စက္တင္ဘာလ (၂၅)ရက္ေန႔မွစ၍ ရံုးခန္းမ်ား တစ္ၿပိဳင္နက္တည္း စတင္ဖြင့္လွစ္ၿပီး လုပ္ငန္းစတင္ ေဆာင္ရြက္ေပးသြားေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။
“သာမန္ႏုိင္ငံကူးလက္မွတ္ (ပတ္စ္ပို႔အနီ)ေတြ ထုတ္ေပးသြားမွာပါ။ ထုိင္းဘက္မွာ အလုပ္ လုပ္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ ႏုိင္ငံကူးလက္မွတ္ ကုန္ေတာ့မယ္ဆိုရင္ ထိုင္းႏုိင္ငံ ဘန္ေကာက္သံရံုးအထိ သြားလုပ္ရတယ္။ ေနာက္တစ္ခါ CI(Certificate of Identity) နဲ႔ပဲ ေနတဲ့သူေတြရိွတယ္။ CI(Certificate of Identity) အေထာက္အထားေလးပဲဆိုေတာ့ ႏုိင္ငံကူး လက္မွတ္ေလာက္ေတာ့ သူတို႔ ဟိုဘက္မွာေနတဲ့ အခါ အခြင့္အေရးမရဘူး။ ဥပမာ ႏုိင္ငံကူးလက္မွတ္ စာအုပ္နဲ႔ဆို ယာဥ္ေမာင္းလိုင္စင္ လုပ္တာကအစ လုပ္လို႔ရတယ္။ ဒီေတာ့ ဒီလို CI(Certificate of Identity) နဲ႔ေနတဲ့ သူေတြလည္း ပတ္စ္ပို႔စာအုပ္ လာလုပ္လို႔ရေအာင္ အဓိကကေတာ့ သူတို႔ေတြအတြက္ ရည္ရြယ္တာေပါ့။ ဘန္ေကာက္ကို ေဝးလို႔ မသြားႏုိင္တဲ့ ျမန္မာလုပ္သားေတြ ဒုကၡေရာက္ေနတာ ေျဖရွင္းႏုိင္ေအာင္ တာခ်ီလိတ္၊ ျမဝတီ၊ ေကာ့ေသာင္း သံုးေနရာလံုးမွာ တစ္ၿပိဳင္တည္း ဖြင့္ေပးလုိက္ေတာ့ ကုန္က်စရိတ္လည္း သက္သာ သြားမယ္ေပါ့”ဟု သတင္းရဲတပ္ဖြဲ႔ (တာခ်ီလိတ္)မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ဟန္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးအား ရွမ္း႐ိုးမကြင္းေရွ႕ရိွ ေအာင္ခ်မ္းသာ တိုက္တန္းတြင္ ဖြင့္လွစ္ကာ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၂၅)ရက္ေန႔မွစ၍ ပံုမွန္ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိိဳ႕တြင္လည္း ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးကို ဖြင့္လွစ္ထားၿပီး နယ္စပ္ၿမိဳ႕ျဖစ္သည့္ ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား ပိုမိုအဆင္ေျပေစရန္အတြက္ တာခ်ီလိတ္တြင္ ထပ္မံဖြင့္လွစ္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့အနီ)တွေ ထုတ်ပေးသွားမှာပါ။ ထိုင်းဘက်မှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် ကုန်တော့မယ်ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်သံရုံးအထိ သွားလုပ်ရတယ်။ နောက်တစ်ခါ CI(Certificate of Identity) နဲ့ပဲ နေတဲ့သူတွေရှိတယ်။ CI(Certificate of Identity) အထောက်အထားလေးပဲဆိုတော့ နိုင်ငံကူး လက်မှတ်လောက်တော့ သူတို့ ဟိုဘက်မှာနေတဲ့ အခါ အခွင့်အရေးမရဘူး။ ဥပမာ နိုင်ငံကူးလက်မှတ် စာအုပ်နဲ့ဆို ယာဉ်မောင်းလိုင်စင် လုပ်တာကအစ လုပ်လို့ရတယ်။ ဒီတော့ ဒီလို CI(Certificate of Identity) နဲ့နေတဲ့ သူတွေလည်း ပတ်စ်ပို့စာအုပ် လာလုပ်လို့ရအောင် အဓိကကတော့ သူတို့တွေအတွက် ရည်ရွယ်တာပေါ့။ ဘန်ကောက်ကို ဝေးလို့ မသွားနိုင်တဲ့ မြန်မာလုပ်သားတွေ ဒုက္ခရောက်နေတာ ဖြေရှင်းနိုင်အောင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း သုံးနေရာလုံးမှာ တစ်ပြိုင်တည်း ဖွင့်ပေးလိုက်တော့ ကုန်ကျစရိတ်လည်း သက်သာ သွားမယ်ပေါ့”ဟု သတင်းရဲတပ်ဖွဲ့ (တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဟန်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာ တိုက်တန်းတွင် ဖွင့်လှစ်ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ ပုံမှန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဖွင့်လှစ်ထားပြီး နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ပိုမိုအဆင်ပြေစေရန်အတွက် တာချီလိတ်တွင် ထပ်မံဖွင့်လှစ်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
