“project show ျပဳလုပ္ရတဲ့အဓိက ရည္ရြယ္ခ်က္ကေတာ့ ကြန္ပ်ဴတာတကၠသိုလ္(လားရႈိး)မွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းၿပီးေတာ့မယ့္ ကေလးေတြအတြက္ ေက်ာင္းၿပီးသြားတဲ့အခါ လုပ္ငန္းခြင္ အဆင္သင့္ ျဖစ္ေနေစဖို႔ သူတို႔လုပ္ေဆာင္ခ်က္ေလးေတြကို ထုတ္ျပတဲ့သေဘာပါ။ ဒီေန႔ ျပပြဲမွာ ေက်ာင္းသူ၊ ေက်ာင္းသား (၇၀)ေက်ာ္နဲ႔ သူတို႔ ျပဳလုပ္ထားတဲ့ ပေရာဂ်က္(၃၄)ခုကို ျပသတာျဖစ္ပါတယ္”ဟု ကြန္ပ်ဴတာတကၠသိုလ္ (လားရိႈး)မွ စီမံေရးရာ ဌာနမွဴး ေဒၚပြဲမွီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါျပပြဲသို႔ လားရိႈးၿမိဳ႕မွ ဌာနဆိုင္ရာမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ အေျခခံပညာ အထက္တန္းေက်ာင္း မွ ေက်ာင္းသူ၊ေက်ာင္းသားမ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ေရးဆြဲထားတဲ့ ပေရာဂ်က္ရဲ့ေခါင္းစဥ္ကေတာ့ Point Of Save ( POS - system for Lashio) ျဖစ္ပါတယ္။ ဒီ System ကို ကြ်န္ေတာ္တို႔ေက်ာင္းသား(၃)ဦးကေန စုေပါင္း ေရးဆြဲထားတာျဖစ္ပါတယ္။ ဒီsystem ရဲ႕ အားသာခ်က္ေတြကေတာ့ ျမန္ျမန္ဆန္ဆန္ရွိတယ္။ ယံုၾကည္စိတ္ခ်ရမႈရွိတယ္။ တိက်မွန္ကန္တဲ့ တြက္ခ်က္မႈေတြရွိတယ္။ ဒီ POS system ကိုသံုးျခင္းအားျဖင့္ ကုန္ပစၥည္းေတြရဲ့ စာရင္းဇယားေတြကို စာရြက္စာတမ္းေတြနဲ႔ ဂဏန္းေပါင္းစက္ေတြနဲ႔ တြက္ရမယ့္အစား အခ်ိန္ကုန္သက္သာစြာနဲ႔ တြက္ခ်က္လို႔ရမွာျဖစ္ပါတယ္” ဟု ကြန္ပ်ဴတာတကၠသိုလ္(လားရိႈး)မွ ေနာက္ဆံုးႏွစ္ ေက်ာင္းသားတစ္ဦးျဖစ္သည့္ စိုင္းေအာင္မိန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ေျပာသည္။
အဆိုပါျပပြဲတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ဌာနဆိုင္ရာမ်ားအသံုးျပဳႏုိင္မည့္ ပေရာဂ်က္မ်ားကို ျပသခဲ့ၾကေၾကာင္း သိရသည္။
“ကၽြန္မတို႔လုပ္ထားတဲ့ ပေရာဂ်က္ကေတာ့ ေျမဂရန္ေတြထိန္းသိမ္းတဲ့ပေရာဂ်က္ျဖစ္ပါတယ္။ အဓိကရည္ရြယ္ခ်က္ ကေတာ့ စာရြက္ေတြနဲ႔ ေျမဂရန္ေတြကိုထိန္းသိမ္းထားတဲ့အခါ ေပ်ာက္ပ်က္တာ၊ ပ်က္စီးတာေတြ ႀကံဳေတြ႔လာႏိုင္ တဲ့အျပင္ တစ္ခ်ိန္ခ်ိန္မွာျပန္လည္ရွာေဖြရာမွာလည္း အလြယ္တကူ မရရွိႏိုင္ဘဲ အခ်ိန္ေတြအမ်ားႀကီးေပးၿပီး ျပန္လည္ရွာေဖြရတဲ့အတြက္ စာရြက္ေတြကို အသံုးျပဳမွတ္တမ္း တင္တဲ့စနစ္ကေန ကြန္ျပဴတာစနစ္ကိုအသံုးျပဳၿပီး မွတ္တမ္းတင္သိမ္းဆည္းႏိုင္ေအာင္ ရည္ရြယ္ေရးဆြဲ ထားတာျဖစ္ပါတယ္”ဟု ေျမဂရန္သိမ္းျခင္းပေရာဂ်က္ ေရးဆြဲသူျဖစ္သည့္ စတုတၱႏွစ္ ကြန္ျပဴတာ တကၠသိုလ္(လားရိႈး)မွ မျမင့္ျမတ္ႏိုး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ျပပြဲတြင္ ကြန္ပ်ဴတာတကၠသိုလ္(လားရႈိး)မွ ေက်ာင္းသူ၊ေက်ာင္းသားမ်ား ေရးဆြဲထားသည့္ လူမႈေရး၊ စီးပြားေရးႏွင့္ ေဒသဖြ႔ံၿဖိဳးေရးအတြက္ အသံုးျပဳႏုိင္မည့္ပေရာဂ်က္မ်ားကို ေရးဆြဲသူ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားက ရွင္းလင္းျပသၾကေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ခမ္းဦး
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်၏ Student's Project Show အား စက်တင်ဘာလ (၂၅)ရက်နေ့က လားရှိုးမြို့ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပရာ ကျောင်းသားကျောင်းသူများ၏ project (၃၄)ခု ပါဝင်ပြသကြောငး် သိရသည်။
“project show ပြုလုပ်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာတက္ကသိုလ်(လားရှိုး)မှာ ပညာသင်ကြားနေတဲ့ ကျောင်းပြီးတော့မယ့် ကလေးတွေအတွက် ကျောင်းပြီးသွားတဲ့အခါ လုပ်ငန်းခွင်အဆင်သင့် ဖြစ်နေစေဖို့ သူတို့လုပ်ဆောင်ချက်လေးတွေကို ထုတ်ပြတဲ့သဘောပါ။ ဒီနေ့ ပြပွဲမှာ ကျောင်းသူ၊ကျောင်းသား (၇၀)ကျော်နဲ့ သူတို့ ပြုလုပ်ထားတဲ့ ပရောဂျက်(၃၄)ခုကို ပြသတာဖြစ်ပါတယ်”ဟု ကွန်ပျူတာတက္ကသိုလ် (လားရှိုး)မှ စီမံရေးရာ ဌာနမှူး ဒေါ်ပွဲမှီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါပြပွဲသို့ လားရှိုးမြို့မှ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းသူ၊ကျောင်းသားများလည်း တက်ရောက်ကြကြောင်း သိရသည်။
“ကျွန်တော်တို့ရေးဆွဲထားတဲ့ ပရောဂျက်ရဲ့ခေါင်းစဉ်ကတော့ Point Of Save ( POS - system for Lashio) ဖြစ်ပါတယ်။ ဒီ System ကို ကျွန်တော်တို့ကျောင်းသား(၃)ဦးကနေ စုပေါင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဒီsystem ရဲ့ အားသာချက်တွေကတော့ မြန်မြန်ဆန်ဆန်ရှိတယ်။ ယုံကြည်စိတ်ချရမှုရှိတယ်။ တိကျမှန်ကန်တဲ့ တွက်ချက်မှုတွေရှိတယ်။ ဒီ POS system ကိုသုံးခြင်းအားဖြင့် ကုန်ပစ္စည်းတွေရဲ့စာရင်းဇယားတွေကို စာရွက်စာတမ်းတွေနဲ့ ဂဏန်းပေါင်းစက်တွေနဲ့ တွက်ရမယ့်အစား အချိန်ကုန်သက်သာစွာနဲ့ တွက်ချက်လို့ရမှာဖြစ်ပါတယ်” ဟု ကွန်ပျူတာတက္ကသိုလ်(လားရှိုး)မှ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်သည့် စိုင်းအောင်မိန်းက တာချီလိတ်သတင်း အေဂျင်စီ သို့ပြောသည်။
အဆိုပါပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအသုံးပြုနိုင်မည့် ပရောဂျက်များကို ပြသခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့လုပ်ထားတဲ့ ပရောဂျက်ကတော့ မြေဂရန်တွေထိန်းသိမ်းတဲ့ပရောဂျက်ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ စာရွက်တွေနဲ့ မြေဂရန်တွေကိုထိန်းသိမ်းထားတဲ့အခါ ပျောက်ပျက်တာ၊ ပျက်စီးတာတွေ ကြုံတွေ့လာနိုင် တဲ့အပြင် တစ်ချိန်ချိန်မှာပြန်လည်ရှာဖွေရာမှာလည်း အလွယ်တကူမရရှိနိုင်ဘဲ အချိန်တွေအများကြီးပေးပြီး ပြန်လည်ရှာဖွေရတဲ့အတွက် စာရွက်တွေကိုအသုံးပြုမှတ်တမ်းတင်တဲ့စနစ်ကနေ ကွန်ပြူတာစနစ်ကိုအသုံးပြုပြီး မှတ်တမ်းတင်သိမ်းဆည်းနိုင်အောင် ရည်ရွယ်ရေးဆွဲထားတာဖြစ်ပါတယ်”ဟု မြေဂရန်သိမ်းခြင်းပရောဂျက် ရေးဆွဲသူဖြစ်သည့် စတုတ္တနှစ်ကွန်ပြူတာတက္ကသိုလ်(လားရှိုး)မှ မမြင့်မြတ်နိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပြပွဲတွင် ကွန်ပျူတာတက္ကသိုလ်(လားရှိုး)မှ ကျောင်းသူ၊ကျောင်းသားများ ရေးဆွဲထားသည့် လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွ့ံဖြိုးရေးအတွက် အသုံးပြုနိုင်မည့်ပရောဂျက်များကို ရေးဆွဲသူ ကျောင်းသူ၊ ကျောင်းသားများက ရှင်းလင်းပြသကြကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ခမ်းဦး
