ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္မီးပိြဳင့္ လမ္းဆံုတြင္ စက္တင္ဘာလ (၂၅)ရက္ေန႔ ညေန (၃)နာရီခြဲခန္႔က ဆိုင္ကယ္ ခိုးယူလာသည္ဟု သံသယရိွသူအား ဖမ္းဆီးရမိေၾကာင္း သိရသည္။
ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္း ရဲအုပ္ ခ်မ္းေျမ႕ေအာင္ႏွင့္အဖြဲ႕က ေဟာင္လိတ္မီးပိြဳင့္လမ္းဆံု ကားလမ္းေပၚတြင္ နံပါတ္ မပါသည့္ Honda Wave I 110 ျဖဴ/ျပာ/နက္ေရာင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးအား မသကၤာ၍ စစ္ေဆးရာ ဆုိင္ကယ္ ခိုးယူလာသည္ဟု ယူဆရသျဖင့္ သက္ေသမ်ား ေရွ႕တြင္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းထားၿပီး ဆုိင္ကယ္ပိုင္ရွင္ ေပၚေပါက္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ ၎အား စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။
ဆက္လက္၍ ဆိုင္ကယ္ခိုးလာသည္ဟု ယူဆရသည့္ အသက္ (၂၇)ႏွစ္အရြယ္ စိုင္းခ်စ္ခြန္ေက်ာ္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၉၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်း ရဲအုပ် ချမ်းမြေ့အောင်နှင့်အဖွဲ့က ဟောင်လိတ်မီးပွိုင့်လမ်းဆုံ ကားလမ်းပေါ်တွင် နံပါတ် မပါသည့် Honda Wave I 110 ဖြူ/ပြာ/နက်ရောင် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ်တစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာ ဆိုင်ကယ် ခိုးယူလာသည်ဟု ယူဆရသဖြင့် သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားပြီး ဆိုင်ကယ်ပိုင်ရှင် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်းနှင့်၎င်းအား စစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဆိုင်ကယ်ခိုးလာသည်ဟု ယူဆရသည့် အသက် (၂၇)နှစ်အရွယ် စိုင်းချစ်ခွန်ကျော်အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၉၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။