ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ ထိုင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရး ေကာ္မတီက ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕အတြက္ လံုၿခံဳေရး ပစၥည္းမ်ားကို ေအာက္တိုဘာလ (၁) ရက္ေန႔က လွဴဒါန္းလိုက္ေၾကာင္း သိရသည္။
“ေကာ္မတီအေနနဲ႔ အရင္ကေတာ့ ဒါမ်ိဳးမလွဴဖူးပါဘူး။ ဒါေပမဲ့ ရခုိင္ျပည္နယ္မွာ အၾကမ္းဖက္တိုက္ခုိက္ခံရမႈ ျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာ တစ္ႏုိင္ငံလံုး လုံၿခံဳေရးအတြက္ဆိုတာ ႏုိင္ငံသားအားလံုးရဲ႕ တာဝန္ျဖစ္တယ္လို႔ ခံယူပါတယ္။ ဒါေၾကာင့္ တတ္ႏုိင္သေလာက္ လွဴဒါန္းျခင္းျဖစ္ပါတယ္။ ဒါက ေကာ္မတီ ရန္ပံုေငြကေန လွဴတာေတာ့ မဟုတ္ဘူး။ ေကာ္မတီဝင္ေတြက စိုက္ထည့္ၿပီး လွဴတာပါ။ ဒါေပမဲ့ ေကာ္မတီရဲ႕ လုပ္ငန္းစဥ္ပါပဲ”ဟု CNCMC ၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရိွန္က ေျပာသည္။
တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွ တာဝန္ရိွသူမ်ားထံ လက္ကိုင္မိုင္းရွာစက္ (၆)ခုႏွင့္ ယာဥ္ထိန္းတပ္ဖြဲ႔အတြက္ Alcohol Tester တစ္ခု စုစုေပါင္းတန္ဖိုး ဘတ္ (၄၀၀၀)ႏွင့္ က်ပ္သံုးသိန္းဖိုးအား လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရၿပီး ေကာ္မတီသည္ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၁)တြင္ လိုအပ္ေနသည့္ X-Ray စစ္ေဆးေရးစက္အား အလွဴရွင္မ်ား ဖိတ္ေခၚ၍ လွဴဒါန္းသြားႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။
တာခ်ီလိတ္တြင္ အေျခစိုက္သည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) သည္ ၂၀၁၃ ခုႏွစ္မွစ၍ ထုိင္းႏုိင္ငံတြင္ အခက္အခဲ ႀကံဳရသည့္ ျမန္မာႏုိင္ငံသားမ်ားအေရး ကူညီမႈမ်ား စတင္ေဆာင္ရြက္ခဲ့ၿပီး ရုံးခန္းအား တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔က စတင္ဖြင့္လွစ္ၿပီး လုပ္ငန္းမ်ားေဆာင္ရြက္ေနျခင္းျဖစ္သည္။
ေကာ္မတီသို႔ အကူအညီေတာင္းခံလိုပါက ထိုင္းဖုန္း - 0850181889 ၊ 0822837478 ၊ 0850388887 ၊ 0897558729 မ်ားသို႔ ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။
“ကော်မတီအနေနဲ့ အရင်ကတော့ ဒါမျိုးမလှူဖူးပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ တစ်နိုင်ငံလုံး လုံခြုံရေးအတွက်ဆိုတာ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ ဒါက ကော်မတီ ရန်ပုံငွေကနေ လှူတာတော့ မဟုတ်ဘူး။ ကော်မတီဝင်တွေက စိုက်ထည့်ပြီး လှူတာပါ။ ဒါပေမဲ့ ကော်မတီရဲ့ လုပ်ငန်းစဉ်ပါပဲ”ဟု CNCMC၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများထံ လက်ကိုင်မိုင်းရှာစက် (၆)ခုနှင့် ယာဉ်ထိန်းတပ်ဖွဲ့အတွက် Alcohol Tester တစ်ခု စုစုပေါင်းတန်ဖိုး ဘတ် (၄၀၀၀)နှင့် ကျပ်သုံးသိန်းဖိုးအား လှူဒါန်းခြင်းဖြစ်ကြောင်း သိရပြီး ကော်မတီသည် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)တွင် လိုအပ်နေသည့် X-Ray စစ်ဆေးရေးစက်အား အလှူရှင်များ ဖိတ်ခေါ်၍ လှူဒါန်းသွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
တာချီလိတ်တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) သည် ၂၀၁၃ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံရသည့် မြန်မာနိုင်ငံသားများအရေး ကူညီမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ရုံးခန်းအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်နခြေင်းဖြစ်သည်။
ကော်မတီသို့ အကူအညီတောင်းခံလိုပါက ထိုင်းဖုန်း - 0850181889၊ 0822837478၊ 0850388887၊ 0897558729 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
